Main menu

Background

ဖရဲသီးတင်ပို့မှု အနည်းငယ်ပိုမို

Wed, 11/09/2016 - 15:47 -- journal_editor

မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၈သန်း တန်ဖိုးရှိ ဖရဲသီး ၈၄၂၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၈၄၀၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၂၉တန် ပိုမို တင်ပို့ခဲ့တာ တွေ့ရပါတယ်။''ဖရဲသီးဈေးတွေ ကျနေရတဲ့ အကြောင်းရင်းမှာ ရောင်းလိုအားက ဝယ်လိုအားထက် ပိုများနေတာရယ်၊ အရည်အသွေး ပိုင်း လိုအပ်ချက်ရှိနေတာရယ်၊ တရုတ်ပြည်ဘက်မှာ ဖရဲတွေ လှိုင်လှိုင်ပေါ်နေတာရယ်ကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖရဲသီးစိုက်ဒေသတွေထဲက ငါးဆူတောင်၊ သာယာ ကုန်း၊ ချောင်းဦး၊ မုံရွာ၊ ကျောက်ဆည်ဘက်က အသီးတွေ ဝင်နေသလို ရှမ်းပြည်နယ်မှာစိုက်တဲ့ အသီးတွေလည်း ဝင်နေပါတယ်''လို့ မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှသိရပါတယ်
မော်မော်အောင်