Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်ကျဆင်းသော်လည်း ဗဟိုဘဏ်ဈေးနှုန်း ကျဆင်းခြင်းမရှိ

Thu, 11/10/2016 - 14:07 -- journal_editor

         ယခုတစ်ပတ်အတွင်းတွင် ပြည်တွင်း ငွေလဲနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်း ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းမှာ ကျဆင်းသွားခြင်းမရှိကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။ ယခင်တစ်ပတ်ကဈေးကွက် အတွင်း အဝယ် လိုက်နေမှုများကြောင့် ဈေးများ ဆက်လက်မြင့်တက်ခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ အဝယ်နည်းသွား သဖြ င့် ဈေးကျဆင်းသွားခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။
       ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက  တစ်ဒေါ်လာလျှင် ကျပ် ၁၃၀ဝ နီးပါး အထိ မြင့်တက်သွားခဲ့သော်လည်း ယခုတစ်ပတ် ဈေးဖွင့်ချိန်တွင် ၁၂၉၀ အထိ ဈေးကျဆင်းသွား ခဲ့သည်။ ထို့နောက် ဆက်လက်ဈေးကျဆင်းခဲ့ကာ ရက်သတ္တ တစ်ပတ်၏ နောက်ဆုံးရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၁ ကျပ်အထိ ကျဆင်းသွား ခဲ့သည်။ "ဈေးက အကျဘက်ကို ဦးတည်နေပါတယ်။ ခက်တာက ဗဟိုဘဏ်က ဈေးမကျတဲ့အတွက် သူကသာလိုက်ပြီး တက်နေမ ယ်ဆိုရင် ဒေါ်လာဈေးက ပြန်ပြီး တက်လာနိုင်တယ်။ တကယ်တော့ အခုလိုေ ဈးအတက်အကျတွေများနေတာ သိပ် မကောင်းပါဘူး။ ဈေးအတက်အကျလေးကို ထိန်းပေးနိုင်ရင်ပိုကောင်းမယ်။ အဝယ်လိုက်လာရင် ဈေးတက် ပြီး ပြန်ရောင်းတဲ့သူများလာ ရင် ဈေးကျတယ်ဆိုတဲ့ သဘောဟာ ဈေးကစားနေတဲ့သဘောပဲ"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ် နေသူတစ်ဦးက ပြောကြားခဲ့သည်။
         ပုဂ္ဂလိက ငွေလဲစင်တာများတွင် အောက်တိုဘာ ၃၁ ရက်က အမေရိ ကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၁ ကျပ်၊ ဝယ်ဈေး ၁၂၈၇ ကျပ်ဖြင့် ဈေးဖွင့် အရောင်းအဝယ်ြ ဖစ်ခဲ့သော်လည်း နိုဝင်ဘာ ၃ ရက်တွင် ရောင်းဈေး ၁၂၈၂ ကျပ်၊ ဝယ်ဈေး ၁၂၇၉ ကျပ်သို့ကျဆင်းခဲ့ကာ နိုဝင်ဘာ ၄ ရက်တွင် ရောင်းဈေး ၁၂၈၁ ကျပ်၊ ဝယ်ဈေး ၁၂၇၇ ကျပ်သို့ ကျဆင်းခဲ့ကာအရောင်းအဝယ်ဖြစ်ခဲ့သည်။

 

မယ်သီတာ