Main menu

Background

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့်ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်

Thu, 11/10/2016 - 14:12 -- journal_editor

         ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ ပါ လိုက်ပါမြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက် သတ္တပတ် အတွင်းကတည်းက မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ပြီးခဲ့သည့်ရက်သတ္တပတ်က တစ်ေ အာင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်းခဲ့သည်။
        "ပြီးခဲ့တဲ့တစ်ပတ်က ကမ္ဘာ့ရွှေဈေးက သိပ်မတက်ပေမယ့် ပြည်တွင်းက ငွေလဲနှုန်းက တော်တော်လေးကို လိုက်တက်လာတော့ ပြည်တွင်းရွှေဈေးတွေပါလိုက် ပြီးတက် လာတယ်။ ဒီတစ်ပတ်ကျတော့ ပြည်တွင်းငွေလဲနှုန်း က ပြန်ကျလာပေမယ့် ကမ္ဘာ့ရွှေဈေးကလိုက်ပြီး တက်လာတော့ ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်ရတာပါ"ဟု ရွှေလုပ်ငန်း ရှင်တစ်ဦးက ပြောကြားခဲ့သည်။
          ပြည်တွင်းရွှေဈေးသည် အောက်တိုဘာ ၃၁ ရက်က အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၈၇၈၅၀ဝ ရှိခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် ကျပ် ၈၈၅၀ဝဝသို့ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၃၁ ရက်က ၁၂၇၇ ဒေါ်လာသာရှိခဲ့ရာ မှ နိုဝင်ဘာ ၃ ရက်တွင် အမေရိကန်ဒေါ်လာ ၁၃၀ဝ သို့ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ၁၃၀၄ ေ ဒါ်လာသို့ ဆက်လက်မြင့်တက်ခဲ့သည်။

 

မယ်သီတာ