Main menu

Background

ပွင့်လင်းရာသီတွင် ပြည်ပပို့ကုန် ပုသိမ်ထီးဈေးကွက် အရောင်းအဝယ်သွက်လျက်ရှိ

Wed, 01/18/2017 - 14:44 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် ပုသိမ်ထီးများမှာ ဈေးကွက် တွင် ပြည်တွင်းထက် ပြည်ပနိုင်ငံများမ ပို၍နှစ်ခြိုက်စွာ ဝယ်ယူမှုရှိကြောင်း ထုတ်လုပ်မှု၏သုံးပုံတစ်ပုံခန့်မှာ  ပြည်တွင်း ၌ရောင်းချရပြီး သုံးပုံနှစ်ပုံခန့်မှာ ပြည် ပနိုင်ငံများ မှ ဝယ်ယူလျက်ရှိတယ်လို့သိရပါတယ်။ ပြည်တွင်းဈေးကွက် တွင် ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေဒေသ ဟိုတယ်များ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ  ဟိုတယ်များတွင် အလှဆင်ရန်အတွက်လည်း ဝယ်ယူလျက်ရှိပြီး မြန်မာ့ရိုးရာ ရှင်ပြုနားသ၊ အလှူမင်္ဂလာပွဲများနှင့် မင်္ဂလာဆောင်လက်ဖွဲ့ပြန်ပေးရန်အတွက်လည်း အော်ဒါများမှာယူလျက်ရှိကြောင်း၊ပုသိမ်မြို့တောရကျောင်းလမ်းမှ ရွှေစာထီး လုပ်ငန်းရှင် ဦးအောင်နိုင်က ပြောပါတယ်။
ပုသိမ်ဈေးကွက်တွင် ပုသိမ်ထီးကို အီးယူဒေသတွင်းနိုင်ငံများမှ နိုင်ငံ သားများ နေ့စဉ်နီးပါး လာရောက်ဝယ်ယူလျက်ရှိပြီး ရန်ကုန်ကုမ္ပဏီများမှ တစ်ဆင့် နှစ်စဉ် ဂျာမနီနိုင်ငံသို့ ခြောက်ပေ၊ ရှစ်ပေဟိုတယ် သုံးထီးအလက် ရေ ၄၀၀၊ ၅၀၀ခန့်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ရောင်းချလျက်ရှိပြီး လိမ္မော်ရောင်၊ နီညိုရောင်၊ မော်ဒယ်စိမ်းရောင် အရောင်သုံးမျိုးမှာ အကြိုက် များပြီး အဝါ၊ အဖြူ၊ အနီ၊ အစိမ်းရောင်စုံပြုလုပ်ပေးရကြောင်း၊ ထီးပေါ်တွင် ကနုတ် ပန်းချီဖြင့် အလှဆင်ထားသော ဒီဇိုင်းအမျိုးမျိုးရေးဆွဲလျက် မြန်မာ့ အနုပညာကို ဖော်ထုတ်ပြသထားပြီး ရှေးခေတ်ရိုးရာမပျက် ဒီဇိုင်းများနှင့် ခေတ်ပေါ်ဒီဇိုင်းအမျိုးမျိုးတို့ကို ရေးဆွဲထားသည့်အတွက် ဝယ်ယူသူများ ကြိုက်နှစ်သက် မှုရှိ၍ ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ရသည့် မြန်မာ့လက်မှုရိုးရာအစစ်ဖြစ်သည့်အတွက် ပြည်ပနိုင်ငံသားများက တန်ဖိုး ထားဝယ်ယူမှုရှိကြောင်း ရွှေစာထီးလုပ်ငန်းရှင် ဦးအောင်နိုင်က ပြောကြား ပါတယ်။                     
 ကျော်ဋ္ဌေး(ပုသိမ်)