Main menu

Background

ရှမ်းကြက်သွန်ဖြူ ဈေးကွက်အဝင်စောပြီး ဈေးကောင်းရ

Wed, 02/01/2017 - 12:31 -- journal_editor

        ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့အဓိကသီးနှံတစ်ခုဖြစ်တဲ့  ကြက်သွန်ဖြူက ဒီနှစ်မှာ အရောင်းအဝယ်ကောင်းနေပါတယ်။ အရင်နှစ်တွေကတော့ ကြက်သွန်ဖြူအစား ပြောင်းသီးနှံကို အစားထိုးစိုက်ပျိုးခဲ့ကြတာကြောင့် အထွက်နှု န်းကလည်း နည်းသွားပါတယ်။ စိုက်ဧကနည်းသလို အထွက်နှုန်းကလည်း နည်းသွားလို့ ဈေးနှုန်းဈေးကွက် သဘောအရ အထွက်နည်းရင် ဈေးတက်လာလေ့ရှိပါတယ်။ ရှမ်းကြက်သွန်ဖြူကို ကျန်းမာရေးအတွက် ကောင်းမွန် တယ် ဆိုပြီး  စားသုံးမှုများလာလို့ဈေးကလည်း ကောင်းလာပါတယ်။ ခရမ်းစွဲလို့ခေါ်တဲ့ကြက်သွန်ဖြူက ထိုင်းနိုင်ငံဘက်ကိုအဓိက သွားပါတယ်။ ဒီနှစ်တော့ ခရမ်းစွဲကြက်သွန်ဖြူကအဝယ်လိုက်လို့အစောကြီးကုန် သွားတာကြောင့် ရှမ်းကြက်သွန်ဖြူကိုဝယ်ယူမှုများလာလို့ဈေးတက်လာပါတယ်။ နှစ်စဉ်ဆိုရင် ရှမ်းကြက်သွန်ဖြူကို သီတင်းကျွတ်/တန်ဆောင်မုန်းမှာစိုက်ပြီး ခြောက်လသက်တမ်းရှိလို့ တပေါင်း/တန်ခူးမှာထွက်လေ့ရှိပါတယ်။ဒီနှစ်တော့ ကြက် သွန်ြ ဖူဈေးကောင်းတဲ့အတွက် ခပ်စောစောထွက်နိုင်အောင် ရေသွင်းပြီးစိုက်ပျိုးခဲ့လို့ သုံးလလေးလသက်တမ်းနဲ့ထွက်ရှိလာတယ်လို့သိရပါတယ်။  တောင်ကြီးဈေးကွက် မှာကြက်သွန်ဖြူအသစ်တွေ ဝင်လာပါပြီ။ ဈေးကတော့ တစ်ပိဿာ ကျပ် ၃၀၀၀မှ ၄၀၀၀ ဈေးရှိပါတယ်။
       အဟောင်းလက်ကျန် နည်းသွားပြီး ပိဿာချိန်သောင်းဂဏန်းခန့်သာ ကျန်ရှိ တယ်လို့ သိရပါတယ်။ အဟောင်းဈေးကတော့ (လက်ခြား)ကျပ်၄၃၀၀၊ (ထူး-၁) ကျပ် ၄၅၀၀၊ (ထူး-၂) ကျပ် ၄၈၀၀၊ (ထူး- ၃)ကျပ် ၅၀၀၀၊ (ထူး-၄) ကျပ် ၅၂၀၀ နှင့်(ထူး- ၅)ကျပ်၅၄၀၀ဈေးရှိပါတယ်။

 

(ဧဧခိုင်၊ တောင်ကြီး)