Main menu

Background

ပြည်မြေပဲဆန် ဈေးပြန်မြင့်

Thu, 02/16/2017 - 12:08 -- journal_editor

        ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ ဆီကြိတ်မြေပဲဆန်ဈေးနှင့် လုံးဆန်အဖြူ ဈေးအနည်းငယ်မြင့်လာပြီး လုံးဆန်အနီဈေးငြိမ်နေတာတွေ့ရပါတယ်။ ယခုရက် ပိုင်းကံမဘက်မှ မြေပဲဆန်အိတ် ၁၅၀၀ လောက်ဝင်ရောက်ခဲ့ပါ တယ်။ ရန်ကုန်၊ မန္တလေးဝယ်လက်များက လုံးဆန်အဖြူကို အဝယ်ရှိနေသဖြင့် ဈေးအနည်းငယ်တက်လာတာတွေ့ရပါတယ်။ ဆီဆန်ဈေးမြင့်လာခြင်းမှာ ထမနဲရာသီဖြစ်တဲ့အတွက် ဆီစက်များက အဝယ်ပြန်လိုက်လာသဖြင့် ဈေးြ မင့် လာတာဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၁၇၀၀၊ လုံးဆန်အနီတစ်ပိဿာလျှင် ကျပ် ၂၁၀၀ နှင့် လုံးဆန်အဖြူတစ်ပိဿာလျှင် ၂၃၇၅ကျပ်ဖြင့် ယခင်တစ်ပတ် ထက် ဈေးအ နည်းငယ် မြင့်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်ထက်ဈေးမြင့်ပေမယ့်ယခင်နှစ်ယခုလိုအချိန်နဲ့ယှဉ်ရင် ဈေးမမြင့်တာ တွေ့ရပါတယ်။ ယခင်နှစ်ဈေးမှာ မြေပဲဆီဆန်တစ်ပိဿာလျှင် ကျပ် ၁၉၀၀ နှင့် လုံးဆန်တစ်ပိဿာလျှင် ၂၄၂၀ ကျပ်အထိ ဈေးမြင့်ခဲ့တာတွေ့ရပါတယ်။ ယခုနှစ် မှာ မြေပဲအထွက်နှုန်းများခြင်း၊ အခြားတိုင်းမှလည်း အဝင်များခြင်းကြောင့်ဈေးနှုန်း မှာ ယခင်နှစ်ကလောက် မမြင့်တာဖြစ်တယ်လို့သိရပါတယ်။

 

ဝေေ၀မင်း