Main menu

Background

မြန်မာ့ပထမဆုံး Coffee Origin Tour ကို ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့တွင် လေ့လာနိုင်

Wed, 03/08/2017 - 13:42 -- journal_editor

    ကော်ဖီကြိုက်နှစ်သက်သူများနှင့် စိတ်ပါဝင်စားသူများ လေ့လာ နိုင်မည့် မြန်မာ့ပထမဆုံး Coffee Origin Tour  ကို ရှမ်းပြည်နယ်တောင် ပိုင်း ရွာငံမြို့နယ်တွင် လုပ်ဆောင်ထားကြောင်း သိရသည်။အဆိုပါ Coffee Origin Tour လုပ်ဆောင် ရခြင်းမှာ ကော်ဖီသောက် သုံးမည့်သူများအား ကော်ဖီစိုက်ပျိုးပုံ စိုက်ပျိုးနည်းနှင့် ကော်ဖီစေ့ကောင်း ရရှိရန်၊ အထွက်နှုန်းကောင်းသည့် ကော်ဖီများ ရရှိရန်၊ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းများကို သိရှိစေ ရန်နှ င့် ဒေသခံများအတွက် အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရန်  ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
''တချို့ကော်ဖီသောက်တဲ့သူတွေက ကော်ဖီဘယ်ကနေ ထွက်တာ လဲဆိုတာကို လိုက်ကြည့်ချင်တာရှိတယ်။ ကော်ဖီကလည်း အဆင့်ဆင့် လုပ်တဲ့ပုံပေါ်မူတည်ပြီး ကွဲပြားတာရှိတယ်လေ။ အဲ့ဒါကြောင့် စိုက်ခင်း ဆီကို တိုက်ရိုက်သွားပြီး ဘာတွေလုပ်သလဲ ဘယ်လိုလုပ်သလဲဆိုတာ တွေကို ကြည့်လို့ရတယ်။ လေ့လာလို့ရတယ်။ အဲဒီ ဒေသက လူတွေနဲ့ပတ် သက်တဲ့ အကြောင်းတွေကို ဒေသန္တရဗဟုသုတ အနေနဲ့လေ့လာလို့ရတယ်။ အဲဒါတွေ အကုန်လုံးကို ဆက်စပ်ပြီးတောEco-Tourism (သဘာဝအခြေခံ ခရီးသွားတာ)နဲ့Agri-Tourism  (စိုက်ပျိုးရေး အခြေခံခရီးသွားတာ)တွေကို Coffee Origin Tour  နဲ့ပတ်သက်ပြီး တွဲလုပ်တာပါ။ ဒီလုပ်ငန်းမှာပဲ တည်း ဖို့ခိုဖို့၊ သွားဖို့လာဖို့တွေကိုလည်း Óဏ်ကြီးရှင်ကော်ဖီကပဲ စီစဉ် ပေးတယ်''ဟု ဉာဏ်ကြီးရှင်ကော်ဖီမှ ဒါရိုက်တာဦးငွေထွန်းက ပြောကြား ခဲ့သည်။
အဆိုပါ  ခရီးစဉ်နှင့်ပတ်သတ်၍ ပြည်တွင်းမှ ဘုရားဖူးခရီးစဉ်နှင့် ဒေသန္တရသွားလာတဲ့ခရီးသွားများမှ လေ့ လာမှုများရှိသလို ပြည်ပမှလည်း လာရောက်လေ့လာလျက်ရှိကြောင်း သိရ သည်။ ပြည်ပမှ လာရောက်လေ့ လာသူများမှာ တစ်နှစ်လျှင် သုံးရာလေးရာ ဝန်းကျင်ခန့်ရှိပြီး ပြည်တွင်း အနေဖြင့် လာရောက်လေ့လာသူ ထောင်ဂဏန်းခန့်ရှိကြောင်း သိရသည်။
''ဒီနိုင်ငံကိုလာရင် များသောအားဖြင့် ဘာသာရေးနဲ့ပတ်သက်တဲ့ နေရာ က သွားစရာများတယ်။ အဲဒီအစား တခြားသော အတွေ့အကြုံသစ် တွေလည်း ရစေချင်တယ်။ နောက်ပြီး ကော်ဖီအကြောင်းကိုလည်း လေ့ လာရင်း သဘာဝအကြောင်းအရာနဲ့ စိုက်ပျိုးရေးအခြေခံတဲ့ အကြောင်း အရာတွေကိုလည်း လေ့လာစေချင်တယ်။ Agri Tourism ရှိမှလည်း အဲဒီ နေရာအထိ ရောက်သွားပြီး ဒေသတွင်းက တချို့ အရာတွေကို ပိုကောင်း အောင်လုပ်ပေး လို့ရတယ်။ အဲဒါကြောင့် ဒီလိုမျိုးစီစဉ် ဖြစ်တာပါ။ ကျွန် တော်တို့ရဲ့ Coffee Origin Tour က မြန်မာနိုင်ငံရဲ့ ပထမဆုံးလို့ ပြောလို့ရတယ်။ တခြားသူလုပ်တာကျတော့ ခရီးသွားအေဂျင်စီက စီစဉ် ခိုင်းလို့လုပ်တာ။ ကျွန်တော်တို့ကတော့ ကိုယ့်ဘာသာသိပြီး လုပ်သင့်လို့ လုပ်တာပါ''ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်   Coffee Origin Tour  ကို ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် စတင်လုပ်ဆောင်ထားပြီး ကျန်သည့်မြို့နယ် များ၌လည်း တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုလိုရာသီတွင် လာရောက် လေ့လာသူများပြားပြီး သွားရောက်လေ့လာချင်သူများအနေ ဖြင့်လည်း ဉာဏ်ကြီးရှင်ကော်ဖီကို  ဆက်သွယ်၍  သွားရောက်လေ့လာ နိုင်ကြောင်း သိရသည်။
မယ်သီတာ