Main menu

Background

ပြည်မတ်ပဲသစ် အထွက်လှိုင်သလို၊ ဝယ်လိုအားလည်း ကောင်းခဲ့လို့ ဈေးအနည်းငယ်လှုပ်

Thu, 03/09/2017 - 12:19 -- journal_editor

ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ မတ်လဆန်းတွင် ဝင်ရောက်မှုများလာ ပြီဖြစ်တဲ့အတွက် မတ်ပဲသီးနှံလည်း အထွက်လှိုင်လာလို့ ဈေးကွက်မှာ နယ်စုံမှ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း ၊ရွှေတောင်၊ ကျီးသဲနှင့် ပြည်မြို့နယ်အတွင်းမှ ဝင်ရောက်မှုများသလို ကံမမြို့နယ် ဘက်မှလည်း ဝင်ရောက်ခဲ့တာကြောင့် တစ်ရက်အိတ် ၅၀၀ ကျော် ၆၀၀ အထိ ပဲအဝင်များခဲ့ပြီး၊ ရန်ကုန်ဝယ်လက်မှလည်း ဝင်လာသမျှ ဝယ်လို အားကောင်းနေကာ  ပဲဈေးမှာ တစ်တင်း ကျပ် ၃၀၈၀၀ ဖြင့် ဖေဖော်ဝါရီလကုန်က ဈေးထက် အနည်းငယ်ဈေးပို လာပေမယ့် တချို့တောင်သူတွေကတော့ ပဲဈေးကောင်းစောင့်ကာ  ထွက်ရှိလာသမျှ ပဲများ အား ရောင်း ချခြင်း မရှိသေးဘဲ သိုလှောင်ထားရှိကြ တယ်လို့သိရပါတယ်။
                                      
          ခင်ဆွေဝင်း