Main menu

Background

မူဆယ်မှ နှမ်းပိုမိုတင်ပို့ပြီး ချင်းရွှေဟော်မှ လျော့နည်းတင်ပို့

Thu, 03/09/2017 - 12:46 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရက်သတ္တ ပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၁၈ တန်ခွဲတင်ပို့ခဲ့ရာ တင်ပို့ ခဲ့ တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းဖြူတန် ၂၀၊ နှမ်းနက် ၁၆၆ တန်ခွဲနဲ့ နှမ်းညို ၃၂ တန်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ နှမ်းဖြူ /နှမ်းနက် ၆၈ တန်ခွဲသာ တင်ပို့ခဲ့လို့ယခုတစ်ပတ် မူဆယ်မှနှမ်းတန် ၁၅၀ ပိုမိုတင်ပို့နိုင် ခဲ့တာတွေ့ရ ပါတယ်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းက အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၉၃ တန်ကျော်တင်ပို့ခဲ့ရာ တင်ပို့ခဲ့တဲ့နှမ်းအမျိုးအစားများမှာ နှမ်းဖြူ ၇၇ တန်၊ နှမ်းနက် ၂၉၇ တန်နဲ့ နှမ်းညိုတန် ၂၀ နီးပါးဖြ စ်ပါတယ်။ ယခင်တစ်ပတ်က ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၈၀၇ တန်ကျော်တင်ပို့ခဲ့လို့  ယခုတစ်ပတ်ချင်းရွှေဟော်မှ နှမ်းတန် ၄၀၀ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိ ကန်ဒေါ်လာ၃၆၈၅၅တန်ဖိုးရှိ နှမ်းနက် ၂၈ တန်ကျော် တင်ပို့ခဲ့ပြီး ယခင်ရက်သတ္တပတ်က မြဝတီမှနှမ်းတင်ပို့မှု မရှိခဲ့ ဘူးလို့သိရပါတယ်။                             
            မော်မော်အောင်