Main menu

Background

နန့်ဖာလုံဈေးကွက်တွင် အုန်းသီးစိမ်း ဈေးကောင်းရ

Fri, 03/17/2017 - 13:51 -- journal_editor

    အုန်းသီးစိမ်းကို ကသည်းလူမျိုး များ အဝယ်များ၊ အစားများတဲ့အတွက် နန့်ဖာလုံဈေးမှာ အုန်းသီးစိမ်းတွေ ဈေး ကောင်းရနေပါတယ်။ ကလေး၊ တမူး၊ ကလေးဝမြို့နယ်အတွင်း ကျေးရွာများ မှာ အုန်းသီးစိမ်းတစ်လုံးလျှင်  အလုံး အရွယ်အစားပေါ်  မူတည်ပြီး ကျပ် ၃၀၀ မှ ကျပ် ၅၀၀ ခန့် ဈေးရှိပါတယ်။ နန့်ဖာလုံဈေးမှာတော့ အုန်းသီးစိမ်း တစ်လုံးလျှင် ရူပီး ၅၀ (မြန်မာငွေကျပ် ၁၀၀၀ ခန့်) ရှိပါတယ်။အုန်းသီးခြောက် ကတော့ သီတင်း ကျွတ်၊ တန်ဆောင်မုန်း လရောက်မှသာ ဈေးကွက်ရှိပါတယ်။ ဟိန္ဒူလူမျိုးများက အုန်းသီးခြောက်ကို မိမိသက်စေ့ ဝယ် ယူပြီး မိဘ၊ ဘိုးဘွားများကို ကန်တော့ ခြင်း၊ မြစ်အတွင်း အုန်းသီးခြောက်ရေ မျှောသည့်ပွဲများ နှစ်စဉ်ကျင်းပခြင်းတို့ ကြောင့် ၎င်းင်းကာလ များတွင် အုန်းသီး ခြောက်အရောင်းသွက်ကြောင်း နန့်ဖာလုံ ဈေးမှ   ကုန်သည်တစ်ဦးက ပြောပါ တယ်။
အောင်မင်း (တန့်ဆည်)