Main menu

Background

နိုင်ငံတကာ ရော်ဘာဈေးနှုန်း ကျဆင်းသော်လည်း ပြည်တွင်းရော်ဘာဈေးနှုန်းငြိမ်သက်

Fri, 03/17/2017 - 14:30 -- journal_editor

   ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၃ ရက်အထိ သီတင်းပတ် အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၂၄ သန်းဖိုးရှိ ရော်ဘာတန် ၂၀၁၃ တန်ခန့် တင်ပို့ခဲ့တဲ့အနက်RSS1 ၁၁၆ တန်ကျော် ၊RSS3  ၁၅၄၈ တန်ကျော်၊MSR 20 ၃၃၂ တန်နဲMSR 50 ၁၆ တန် ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၆၉၆ သန်းဖိုးရRSS1 ၄၃၄ တန်ခန့်နRSS3၁၇ တန်ကျော်၊ မြိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၀၆ သန်းဖိုးရMSR 20 ၀ ၁၂၅ တန်ကျော် တင်ပို့ခဲ့ရာ စခန်းအားလုံးမှ စုစု ပေါင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၆ သန်း ဖိုးနဲ့ တန်ချိန်၂၅၈၉ ကျော်ဖြစ် ပါတယ်။ ယခင်တစ်ပတ်က ၄၃၈၂ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၉၃ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၈၇ သန်းဖိုးရှိ ရော်ဘာ အမျိုးအစားစုံ ၁၁၇၅၂ တန် တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလဖြစ်တဲ့ ဇန်နဝါရီလက ရော်ဘာ ၁၃၅၀၀ တန်ကျော် တင်ပို့ ခဲ့တဲ့အတွက် ယခုလမှာ ၁၇၄၉ တန် လျော့နည်းတင်ပို့ ခဲ့ပါတယ်။ ယခုလမှာ ရော်ဘာတင်ပို့မှု လျော့နည်းသလို ဖေဖော်ဝါရီလဆန်းပိုင်းက တက်ခဲ့တဲ့ ရော်ဘာဈေးဟာလည်း ယခုတစ်ပတ်မှာ ပြန်ကျသွားပါတယ်။ မူဆယ် ကုန်စည်ဒိုင်ရဲ့RSS3 ဈေးမှာ တစ်တန်ကို ကျပ် ၂၇ ဒသမ ၁၆ သိန်းနRSS 5  မှာ တစ်တန်ကို ကျပ် ၂၆ ဒသမ ၁၉၇ သိန်းဖြစ်ပါ တယ်။ ယခင်တစ်ပတ်ဈေးထက် တစ်တန်ကို ကျပ် ၁၄၀၀၀ ဈေးကျပါတယ်။ပင်လယ်ရေေ ကြာင်း ကုန်သွယ်မှုမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၂ သန်းဖိုးရှိ ရော်ဘာ ၇၇၄ တန် တင်ပို့ခဲ့တဲ့အနက် မလေးရှားနိုင်ငံသRSS 3 ၅၀၅ တန်၊ ဂျပန်နိုင်ငံသိုMSR 20 TSR ၉၈ တန်၊ စင်ကာပူနိုင်ငံသို့ MSR 20 TSR  တန်ကျော်၊ သြစတြေးလျနိုင်ငံသRSS 3တန် ၄၀ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ၈၈၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်တင်ပို့မှုတွင် ၁၁၃ တန်လျော့ကျခဲ့ပါတယ်။ ဖေဖော် ဝါရီ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၃ သန်းဖိုးရှိ ရော်ဘာ ၃၇၀၁ တန်ကျော် တင်ပို့ခဲ့ပါတယ်။ အနီး စပ်ဆုံး ဇန်နဝါရီလက ရော်ဘာ ၄၁၄၇ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုလမှာ ၄၄၆ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရော်ဘာတန်ချိန် တစ်သိန်းကျော်ကို လေလံပစ်ခဲ့တဲ့အတွက် နိုင်ငံတကာ ရော်ဘာဈေး ကျဆင်း ခဲ့ပေမယ့် မြန်မာ့ရော်ဘာဈေးကိုတော့ ယခင်တစ်ပတ်က ဈေးအတိုင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းက ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။
ယဉ်ယဉ်အေး