Main menu

Background

ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းကျော်သို့ ပြန်လည်ရောက်ရှိ

Fri, 03/31/2017 - 15:10 -- journal_editor

         ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ပြန်လည်မြင့်တက် လာခဲ့ကာ ကျပ်ကိုးသိန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ဈေးကွက် အတွင်း အဝယ်လိုက်လာသဖြင့် ဈေးများမြင့်တက်လာရခြင်းဖြစ် သည် ဟု ဆိုသည်။ဧပြီ ၁ ရက်တွင် ရွှေဝယ်ခွန်များကောက်မည်ဖြစ်သဖြင့် ယခုလအတွင်း ရွှေ အထည်ဝယ်သူများ များပြားလာသည့်အပြင် ဒုံးဝယ်သူများလည်း များပြားလာ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
''ဒီ တစ်ပတ် ထဲမှာ ရွှေအဝယ်လိုက်လာတယ်။ အဝယ်လိုက်လာတဲ့အတွက် ဈေးမြင့်တက်လာရတာပါ။ နောက်လဆန်းဆိုရင် ရွှေဝယ်တိုင်း အခွန်ဆောင်ရမှာ ဖြစ်တဲ့အတွက် အခုဒီလထဲမှာ ဝယ်နေကြတဲ့အတွက် အခုလို ဈေးမြင့်တက်လာရ တာလို့ ထင်ပါတယ်။ အခုဆိုရင် ပြည်တွင်းရွှေဈေးက ကျပ်ကိုးသိန်းကျော်အထိ ရောက်သွားပြီ။ လာမယ့်တစ်ပတ်မှာလည်း ဆက်ပြီးမြင့်တက်လိမ့်ဦးမယ်လို့ ထင် ပါတယ်''ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။
ပြည်တွင်းရွှေဈေးများသည် မတ် ၂၀ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၈၉၆၅၀၀ ရှိခဲ့ပြီး မတ် ၂၂ ရက်တွင် ကျပ် ၉၀၂၀၀၀ အထိ မြင့်တက် လာခဲ့သည်။ သို့သော် မတ် ၂၅ ရက်တွင် ကျပ် ၉၀၀၅၀၀ သို့ ပြန်လည်ကျဆင်း လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် မတ် ၂၀ ရက်တွင် တစ်အောင်စလျှင် ၁၂၃၂ ဒေါ်လာရှိခဲ့ပြီး မတ် ၂၂ ရက်တွင် ၁၂၄၅ ဒေါ်လာသို့မြင့်တက်ခဲ့သည်။ မတ် ၂၅ ရက်တွင် ၁၂၄၃ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့သည်။             
   မယ်သီတာ