Main menu

Background

မုံရွာကြက်သွန်နီဈေးကွက် အဝင်များပြီး အရောင်းအဝယ်သွက်

Fri, 03/31/2017 - 15:14 -- journal_editor

      မုံရွာ (ပွဲရုံ) စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ယခုတစ်ပတ် ကြက်သွန်နီ ဈေးကွက်မှာ ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ အများအပြား ဝင်ရောက် လျက် ရှိပြီး အရောင်းအဝယ်လည်း သွက်လျက်ရှိကြောင်း သိရပါတယ်။ ပွဲရုံသို့ နေ့စဉ် ကြက်သွန်နီ ပိဿာချိန် ၁၀၀၀၀ ကျော် ဝင်ရောက်နေကြောင်း  သိရပါတယ်။ မုံရွာပွဲ ရုံများမှ ဒေသတွင်း ဝယ်လက်များနှင့် အိတ်ဆွဲသမားများအပြင် ရန်ကုန်၊ မန္တလေး မြို့များသို့ တင်ပို့လျက်ရှိပြီး တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၃၅၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်နီဈေးမှာ မုံရွာပွဲရုံ များ၌ လက်ကားတစ်ပိဿာလျှင် (ကြီး) ကျပ် ၆၀၀၊ (လတ်) ကျပ် ၅၀၀၊ (သေး) ကျပ် ၄၀၀ နှုန်းရှိပြီး လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (ကြီး) ကျပ် ၈၀၀၊ (လတ်) ကျပ် ၇၀၀၊ (သေး) ကျပ် ၆၀၀ နှုန်းဖြစ်ပြီး ယခင်တစ်ပတ်က ဈေးနှုန်းအတိုင်း ဈေးငြိမ် လျက်ရှိကြောင်းသိရှိရပါတယ်။
ကြက်သွန်ဖြူဈေးကွက်တွင် ကြက်သွန်ဖြူသစ်များ မုံရွာပွဲရုံသို့ ပိဿာ ၂၅၀၀ ကျော် ဝင်ရောက်လာကြောင်း သိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူ တစ်ပိဿာ ဈေးနှုန်းမှာ ပွဲရုံဈေး (ဗမာ) ကျပ် ၃၀၀၀၊ (ရှမ်း) ကျပ် ၂၅၀၀ လက်လီဈေးနှုန်းမှာ တစ်ပိဿာ (ဗမာ) ကျပ် ၃၂၀၀၊ (ရှမ်း) ကျပ် ၃၀၀၀ နှုန်းဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ် လျက်ရှိကြောင်း မုံရွာကြက်သွန်နီပွဲရုံမှ သိရပါတယ်။         
   ကြည်ကြည်နွယ် (မုံရွာ)