Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံသံအမတ်ကြီး H.E. Dr. Enno Drofenik ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ ဆုံ

Fri, 04/07/2017 - 14:19 -- journal_editor

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားသံအမတ်ကြ H.E. Dr. Enno Drofenik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မတ် ၂၈ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ လက်ခံ တွေ့ဆုံသည်။
        ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုး ဆဲနိုင်ငံဖြစ်သည့်အတွက် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ အားနည်းချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဖွံ့ဖြိုးတိုးတက်ရေး၊  မိတ်ဖက်နိုင်ငံများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုအတွက် အဓိကအခန်းကဏ္ဍမှပါဝင်သော လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်မွေးပညာရပ် သင်တန်းများ ကူ ညီပံ့ပိုးပေးရေး၊ သွင်းကုန်/ ပို့ကုန်လိုင်စင် ဖြေလျှော့မှုများပြုလုပ်၍ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ဝင် ရောက်လာရေး ဆောင်ရွက်နေမှုများ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် အသေးစားနှင့်အလတ်စား စီးပွား ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့   စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

MOC (IR)