Main menu

Background

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံရရှိ

Mon, 04/24/2017 - 12:06 -- journal_editor

         ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် စီးပွားရေး ဖွံဖြိုးတိုး တက်ရေးအတွက် စီးပွားရေး မူဝါဒ  ၁၂ ရပ် ချမှတ် ဆောင်ရွက် လျက်ရှိရာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း ယင်းစီးပွားရေး မူဝါဒများနှင့်အညီ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရရှိတဲ့အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ  ၂၉  ဘီလီယံရရှိခဲ့ပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့်နဲ့ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ရရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ သန်း ၁၁၀၀ ခန့် ပိုမိုတိုးတက်ဆောင်ရွက်လာနိုင် ကြောင်း တွေ့ရှိရ ပါတယ်။
        ပြည်ပပို့ကုန်တင်ပို့မှုမှာ သဘာဝဓါတ်ငွေ့က ၂၅ ရာခိုင်နှုန်း၊ လယ်ယာ ထွက်ကုန်ပစ္စည်းက ၂၅ ရာခိုင်နှုန်း၊ CMP ချုပ်ပြီးအထည်တင်ပို့မှုက ၁၆ ရာခိုင်နှုန်း၊ သတ္တုတွင်းထွက်က ရှစ်ရာခိုင်နှုန်း၊ ရေထွက်ပစ္စည်းက ငါးရာခိုင်နှု န်းဖြစ်ပြီး သစ်တော ထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်နဲ့ အခြားပစ္စည်းတွေက ၂၁ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ ကြောင်း တွေ့ရှိရပါတယ်။ သဘာဝဓာတ်ငွေ့တင်ပို့မှုအနေဖြင့် ယခင်နှစ်ထက် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီ လီယံ လျော့နည်းတင်ပို့နိုင်ပြီး သတ္တုတွင်းထွက်ပစ္စည်းများဖြစ်တဲ့ ကျောက်စိမ်း၊သတ္တုနဲ့ သတ္တုရိုင်းများလည်း ယခင်နှစ်ထက် အမေရိကန် ဒေါ်လာသန်း ၁၉၀ လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ သဘာ၀ သယံဇာတ ပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုအပ်ချက်၊ ထုတ်လုပ်ထွက်ရှိမှု ကန့်သတ်ချက်၊ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ဈေးကွက် ဈေးနှုန်းများ ကန့်သတ်ချက်တွေရှိတဲ့အတွက် လျော့နည်းတင်ပို့ရခြင်း ဖြစ်ကြောင်း လေ့လာ သိရှိရပါတယ်။
      ယခုနှစ်တွင် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုဟာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃၁ သန်း  တင်ပို့နိုင်ပြီး ယခင်နှစ်က တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၁၆ သန်း  တင်ပို့နိုင်တဲ့အတွက်  အမေရိကန် ဒေါ်လာ ၃၁၆ သန်း ပို မိုတင်ပို့နိုင်တာကို တွေ့ရှိရပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတွေမှာ အဓိကတင်ပို့တာကတော့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇၅ သန်း၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၅၅၄ သန်း၊ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၄၃ သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁၄၀၀၊ ရော်ဘာစိမ်း တန်ချိန် ၁ ဒသမ ၄ သန်း၊ တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၂၀၀ ခန့်၊ နှမ်း တန်ချိန်၁ သိန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၇ သန်း၊ ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်း၊ တန် ဖိုး အမေရိကန်ဒေါ်လာ ၂၅၃ သန်းနှင့် သစ်သီးဝလံ အမျိုးမျိုး တန်ချိန် တစ်သန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၈ သန်း တင်ပို့နိုင်ကြောင်း တွေ့ရှိ ရပါတယ်။ အလားတူ လယ်ယာထွက်ကုန် များ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရာတွင် ရာသီဥတု သဘာ၀ ဘေးအန္တရာယ်၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ အရည်အသွေးမြှင့် Value Added ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအားတို့အပေါ်မှာ မှီခိုရတဲ့အတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေးမှာ အဓိကစိန်ခေါ် မှုများဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တစ်ဆက်တည်းမှာ မိမိနိုင်ငံအနေနဲ့ ပို့ကုန် ပစ္စည်းတွေနဲ့ ထုတ်လုပ်မှုကွင်းဆက်ရဲ့ (Supply Chain) တစ်လျှောက်လုံးမှာ ဒေသတွင်း နိုင်ငံ များ၊ ကမ္ဘာ့နိုင်ငံများနဲ့ မယှဉ်နိုင်ဘဲ အဓိက အခက် အခဲမှာ  သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်မြင့်မားနေခြင်းပဲ ဖြစ်ပါတယ်။
        ရေထွက်ပစ္စည်းတင်ပို့မှုမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၅၈၂ သန်း တင်ပို့နိုင်ပြီး အဓိကအားဖြင့် ငါးမျိုးစုံ တင်ပို့မှုဖြစ်ပါတယ်။ ယခုနှစ်မှာ ထူးခြားစွာ တင်ပို့နိုင်တာကတော့ CMP ပစ္စည်းများပဲ ဖြစ်ပါတယ်။ CMP စနစ်ဖြင့် ချုပ်ပြီးအထည် တင်ပို့မှုက အမေ ရိကန်ဒေါ်လာ ၁၈၃၆ သန်း ဖြစ် ပြီး၊ ကျန်တင်ပို့နိုင်တာကတော့ လျှပ်စစ်ပစ္စည်း၊ ဖိနပ်နဲ့ အခြားပစ္စည်းတို့ဖြစ်ပါတယ်။ ဒီအခြေအနေကိုကြည့်ရင်သယံဇာတ ပို့ကုန်နဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေကို သာ အဓိက အားထား၍ မရတော့ဘဲ ရေထွက် ပစ္စည်းကဏ္ဍ၊ CMP ချုပ်ပြီး အထည်တင်ပို့မှု၊ Re-export စနစ်ဖြင့် သကြား၊ တာယာ၊ ဆန်၊ မြေပဲဆန်၊ အဆင့်မြင့် ဒီဇယ်တို့တင်ပို့မှုမှာလည်း ပိုမိုရရှိခဲ့တာကို တွေ့ရပါတယ်။ ပြည် ပမှ သွင်းကုန်တင်သွင်းမှုကို လေ့လာကြည့်ရင် ယခုနှစ် သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံ ကျော်ရှိပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံ တင်သွင်း နိုင်တဲ့အတွက် ယခင်နှစ်ထက် အမေရိ ကန် ဒေါ်လာသန်း ၆၀၀ ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၆၉၀၀ ကျော်ရှိပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ သန်း ၈၂၅၀ တင်သွင်းနိုင်တာကြော င့် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၁၃၃၅ သန်း လျော့နည်း တင် သွင်းနိုင်တာ တွေ့ရှိရပါတယ်။ လျော့နည်းတင်သွင်းတဲ့ ပစ္စည်းတွေကတော့ ဘိလပ်မြေ၊သင်္ဘောနှင့် သင်္ဘောပစ္စည်းများ၊ စက်နှင့်စက် ပစ္စည်းများ တင်သွင်းမှု  လျော့နည်းကြောင်း လေ့လာသိရှိရပါ တယ်။
         လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းတင်သွင်းမှုတွင် ယခုနှစ် တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၆၁၇၀ တင်သွင်းပြီး ယခင်နှစ်က အမေရိကန် ဒေါ်လာ သန်း ၄၈၀၀ တင်သွင်းသဖြင့် ယခင်နှစ် ထက် အမေရိကန် ဒေါ်လာသန်း ၁၃၀၀ ပိုမိုတင် သွင်းနိုင်ခဲ့ပါတယ်။ အဓိက တင်သွင်းတာကတော့ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ဓာတ်မြေသြဇာတို့ ဖြစ်ကြောင်း သိရှိရပါတယ်။ လူသုံးကုန် ပစ္စည်းတင်သွင်းမှု တွင် ယခုနှစ် တန်ဖိုး အမေ ရိကန်ဒေါ်လာ သန်း ၄၁၀၀ ကျော် ဖြစ်ပြီး ယခင်နှစ်တင်သွင်းမှု တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၃၅၀၀ ဖြစ်တဲ့အတွက် ယခင်နှစ် ထက် ဒေါ်လာသန်း ၆၀၀ ကျော် တင်သွင်းနိုင်ခဲ့ ကြောင်းနဲ့ အဓိက တင်သွင်းတာကတော့ စားအုန်းဆီ၊ ဆေးဝါးပစ္စည်းနဲ့ အဖျော်ယ မကာ များဖြစ်ကြောင်း သိရှိရပါတယ်။ ပြည်ပပို့ကုန် တင်ပို့မှုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ တင်ပို့ခဲ့တဲ့အနက် နိုင်ငံပိုင်ကဏ္ဍမှ ၃၂ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိက ပိုင်ကဏ္ဍမှ ၆၈ ရာခိုင်နှုန်း တင်ပို့နိုင်ပြီး ပြည်ပသွင်းကုန် တင်သွင်းမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရှိခဲ့တဲ့အနက် နိုင်ငံပိုင်ကဏ္ဍမှ ၆ ရာခိုင်နှုန်းသာ ရှိပြီး ပုဂ္ဂလိကပိုင်ကဏ္ဍမှ ၉၄ ရာခိုင်နှုန်း  တင်သွင်းနိုင်ကြောင်း တွေ့ရှိရသဖြင့် ပုဂ္ဂလိကပိုင်ကဏ္ဍကို  ပိုမိုတိုးတက် အောင် ေ ဆာင်ရွက်နိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ယခုလို ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်လာခြင်းမှာ အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံအား တွန်းအားပေး ဆောင်ရွက်လျက် ရှိရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏၂၀၁၆ ခုနှစ် အောက်တိုဘာလ၂၄ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၉/ ၂၀၁၆) ဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊အဆိုပါကော်မတီတွင် ဒုတိယသမ္မတက ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌနှင့် အခြား ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိခဲ့ကြောင်း သိရှိရပါတယ်။
         ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်တွင်ပါရှိသည့် မဏ္ဍိုင် ငါးရပ်မှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ (Promoting Trade and Investment) ၏ လုပ်ငန်းစဉ်များ ထိေ ရာက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရေးအတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဌာနခွဲအသီးသီးမှ အရာထမ်းများ ဖြင့် ဌာနတွင်းအဖွဲ့ ဖွဲ့စည်းလျက် စဉ်ဆက်မပြ တ် လိုက်ပါ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ပြည်ပပို့ကုန်  တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဆိပ်ကမ်းများတွင် သြင်္ကန်ပိတ်ရက်ကာလ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ လွယ်ကူ ချောမွေ့စေေ ရးအတွက် ဧပြီ ၁ ရက်တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် ရန်ကုန်မြို့ရှိ မြန်မာ့ စက်မှုဆိပ်ကမ်း တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ဧပြီ ၅ ရက်က နေပြည် တော် ရှိ Park Royal Hotel တွင် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပပြီး ယင်းအခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ သို့ဖြစ်၍ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်း မျိုးစုံဖြင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက် လာနိုင်ခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

 

ရှင်မင်းအံ့ (တန့်ဆည်)