Main menu

Background

ပွင့်လင်းရာသီ ပုသိမ်ထီး ဈေးကွက် ပြည်တွင်း၊ ပြည်ပ အရောင်းအဝယ် သွက်

Wed, 04/26/2017 - 15:24 -- journal_editor

         ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ပေါ်ရှိ  ပုသိမ်ထီးဈေးကွက်မှာ ပွင့် လင်းရာသီ၌ ပို၍အရောင်းအဝယ်သွယ်လျက်ရှိကြောင်း၊ ပင်လယ်ကမ်း ခြေဒေသများဖြစ်သော ချောင်းသာ/ ငွေဆောင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအနက်  ပြည်ပနိုင်ငံသားများမှာ ပုသိမ်ထီး လုပ်ငန်းကို နေ့စဉ်နီးပါး လာရောက် လေ့လာဝယ်ယူလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်မှာ ရန်ကုန် ၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ တောင်ကြီး၊ အင်းလေး၊ မော်လ မြိုင်  မြို့ကြီးများအပြင် ရှင်ပြုမင်္ဂလာပွဲများ၊ ဖျော်ဖြေရေး အခမ်း အနားများ၊ မင်္ဂလာဆောင်များတွင် လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်၍ ခရီးသွားကုမ္ပဏီများက ကုမ္ပဏီ Logo တံဆိပ်များ အော်ဒါပြုလုပ်ပေးရပြီး  စားသောက် ဆိုင်များတွင် ပုသိမ်ထီး များနှင့် အလှဆင်ပေးရခြင်း၊ ပင်လယ်ကမ်းခြေနှင့် ဟိုတယ်များတွင် အလှ ဆင်ရာ၌  ဝယ်ယူလျက်ရှိကြောင်း ဈေး ကွက်မှသိရပါသည်။
       ပြည်ပဈေးကွက်တွင်  ဥရောပ နိုင်ငံများဖြစ်သော အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကန် နိုင်ငံတို့က နှစ်စဉ် ဝယ်ယူလျက်ရှိပြီး ယခုအခါတွင် နယ်သာလန်၊ ဒိန်းမတ်၊ ရုရှား၊ စလိုဗက်ကီးယားနှင့် အခြားနိုင်ငံများ ကလည်း လာရောက်ဝယ်ယူလျက် ရှိပြီး ဈေးကွက်တွင် အဓိက ရောင်းချလျက်ရှိသော မိုးရေခံထီး ၄ လက်မမှ  ၁၀ လက်မအထိကို ဈေးနှုန်းမှာ ၃၀၀၀ ကျပ်မှ တစ်သိန်းကျော်အထိ ထီး အရွယ် အစားအလိုက် ဈေးနှုန်းကွာ ခြားမှု ရှိကြောင်း၊  ထီးတစ်ချောင်းလုံးကို ဝါး၊ သစ်၊ ပိတ်စများ အသုံးပြုလျက် လက်ဖြင့်သာ ပြုလုပ်၍ ထီးပေါ်တွင် မြန်မာ့လက်မှု အနုပညာကို ပုံဖော်ထားသော  ကနုတ်ပန်းချီဖြင့် ရှုခင်းပုံ အမျိုးမျိုးကို  ရှေးခေတ်လက်ရာနှင့် ခေတ်ပေါ်  ပန်းချီလက်ရာနှင့် ခေတ် ပေါ် ပန်းချီရေးဆွဲထားကြောင်း၊ ထို့ ကြောင့် ပြည်ပနိုင်ငံသားများက အလွန် ကြိုက်နှစ်သက်မှုရှိပြီး မြန်မာ့ရိုးရာ အစစ် ဖြစ်သည့်အတွက် တန်ဖိုးထား ဝယ်ယူလျက်ရှိကြောင်း၊ ပုသိမ်မြို့၊ တောရကျောင်း လမ်း၊ ရွှေစာထီး လုပ်ငန်းရှင် ဦးအောင်နိုင်က ပြောပါသည်။

 

မြစိန်(ပသ)