Main menu

Background

ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက် ဖွံ့ဖြိုးလာသော ပို့ကုန်အမယ်သစ် ပိန်းရိုးခြောက်

Mon, 05/08/2017 - 13:32 -- journal_editor

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက် တောရွာများနှင့် ရေနက်ကွင်းဒေသများတွင် နှစ်စဉ်မိုးရာသီမှာ သဘာဝအလျောက် ပေါက် ရောက်လျက်ရှိသော ပိန်းရိုးအစိုပင်များကို ခုတ်ယူ၍ ပိန်းရိုးခြောက်ပြုလုပ် ကာ ပြည်ပဈေးကွက် ဖြစ်သော ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ အဓိက ပိန်းရိုးထွက်ရှိရာ ဒေသများမှာ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်နှင့် ပန်းတနော် မြို့နယ် စသည့် ရေနက်ကွင်းများရှိရာ မြို့နယ် များဖြစ်ပြီး မိုးရာသီကုန်ဆုံးချိန် ပွင့်လင်းရာသီ ဖြစ်သော အောက်တိုဘာလမှစ၍ မေ ၁၅ ရက်ခန့် အထိ ပုသိမ်-ရန်ကုန် ကားလမ်းမကြီးဘေး ညောင် တုန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် အဝယ်ဒိုင် ဖွင့်လှစ်ကာ ဝယ်ယူလျက်ရှိကြောင်း အဝယ်ဒိုင်ပိုင် ရှင် ဦးရဲခေါင်က ပြောပါသည်။
တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် အလေ့ကျ ပေါက်ရောက်နေသော ပိန်းပင်အမျိုး အစား ခြောက်မျိုးခန့် ရှိပြီး ပိန်းပင်အကြီးအသေး ပေါ်မူတည်၍ အပင်ကြီးလျှင်  လေးစိတ်၊အပင် လတ်လျှင် နှစ်စိတ်ခွဲကာ အပင်သေး ပါက  အပင် အတိုင်း အပေါ်ယံ အခွံခွာ အခြောက်လှန်းပြီး တစ်ပိဿာ ကျပ် ၂၂၀၀ နှုန်းဖြင့် ဝယ်ယူကြောင်း၊ ရှမ်းပြည်နယ်မှ လာပို့သောပိန်းရိုးခြောက်များကို ခရီးအကွာအဝေးအပေါ်မူတည်၍ တစ်ပိဿာ ၂၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူလျက်ရှိကြောင်း ပိန်းရိုး အစိုပိဿာ ၁၀၀ ကို အခြောက်လှန်းပါက ပိန်းရိုး ခြောက် ငါးပိဿာနှင့် ခြောက်ပိဿာကြား ရရှိပါ သည်။ ပိန်းရိုးအစို ပိဿာ ၁၀၀ ရရှိရန် လူနှစ်ဦးနှင့် ဆောင်ရွက်ရပြီး  တစ်ရက်ခုတ် တစ်ရက်နေ လှန်း ကာ တစ်နေ့လျှင် လုပ်အားခငွေကျပ်
၃၅၀၀ ဝန်းကျင်ရရှိ၍ အဝယ်ဒိုင်သို့ လာရောက်ရောင်းချ သော ပိန်းရိုးခြောက်များကို ဒိုင်တွင်ထပ်မံသန့်ရှင်း ပြီး အရှည်ကိုးလက်မဖြတ်၍ ဖိစက်သုံးကာ ကုန်ချောအဖြစ်ဖန်တီးပြီး အလျား နှစ်ပေ၊ အနံ ၁ ဒသမ ၅ ပေ၊ အမြင့် ကိုးလက်မ လေးထောင့်ပုံ ပြု လုပ်ပါသည်။ ရရှိသော ပိန်းရိုးခြောက်ကို အတွင်း တွင် ပလပ်စတစ်အိတ်တစ်ထပ်နှင့် အပြင်တွင်ပီနံအိတ်အသုံးပြု၍ ထုပ်ပိုးကာ ၎င်းင်းပါကင် တစ် ထုပ်မှာ အလေးချိန် ၅၀ ကီလိုဂရမ်ရှိပြီး ပိန်းရိုး ခြောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၀၀ နှုန်းရရှိကာ ၁၆ တန်ဆံ့ကွန်တိန်နာဖြင့် တစ်နှစ် ငါးလုံး တင်ပို့လျက်ရှိပြီး ဝယ်လိုအားမှာ တင်ပို့မှု၏နှစ်ဆ ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း ကုန် ဝယ်ဒိုင်ပိုင်ရှင် ဦးရဲခေါင်က ဆက်လက်ပြောကြား ပါသည်။
ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များရရှိ၍  အပိုဝင်ငွေရရှိကာ နိုင်ငံအတွက် နိုင်ငံ ခြားဝင်ငွေ ရှာဖွေပေးမည့် ပိန်းရိုးခြောက်များကို တိုင်းအတွင်းမြို့နယ်စုံမှ လာရောက်ရောင်းချလိုပါ ကလည်း အဝယ်ဒိုင်တာဝန်ခံ ဦးမြင့်စိုး ဖုန်းနံပါတ် (၀၉-၉၇၇၂၅၇၈၅၇)နှင့် ပိုင်ရှင် ဦးရဲခေါင် ဖုန်း နံပါတ် (၀၉-၅၀၄၀၈၆၉) သို့လည်း ဆက်သွယ် ရောင်းချနိုင်ကြောင်း သိရပါသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အောင်မြင် ဖြစ်ထွန်းလျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေအရင်းအမြစ်များမှ  လက်ဆောင် ရရှိထားသည့် ပိန်းရိုးခြောက်များမှာ သဘာ၀ အလျောက် အလေ့ကျပေါက်သော အပင်ဖြစ် ၍ အော်ဂဲနစ်သီးနှံဖြစ်ခြင်း၊ဓာတ်မြေသြဇာများ၊ ဓာတုဆိုးဆေးများလည်း မပါဝင်ဘဲ ကျန်းမာရေး နှင့် ညီညွတ်ခြင်းတို့ကြောင့် ဝယ်ယူသုံးစွဲသူများ ကြိုက်နှစ်သက်သည့်ပိန်းရိုးခြောက်များကို ကိုရီး ယားနိုင်ငံတွင် အမဲသား စွပ်ပြုတ် အဖြစ်လည်းကောင်း၊ အစားအသောက်ရာသီပွဲတော်တွင်လည်း အသင့် စားသောက်ကုန်အဖြစ်လည်းကောင်း ဟင်းသီး ဟင်းရွက်၊ သား၊ ငါးတို့နှင့် ရောနှောစားသောက် လျက်ရှိပြီး သဘာဝသီးနှံဖြစ်သည့်အတွက် ပြည်ပ ဈေး ကွက် ဝယ်လိုအား မြင့်တက်ရခြင်းဖြစ်ကြောင်းသိရပါသည်။
မအူပင်ခရိုင်၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းကလည်း အဝယ်ဒိုင်ပိုင် ရှင် ဦးရဲခေါင်နှင့် တွေ့ဆုံကာ ပြည်ပပို့ကုန် တိုးမြှင့် တင် ပို့နိုင်ရေးအတွက် ဈေးကွက်ဖွံ့ဖြိုးလာသော ပို့ကုန်အမယ်သစ် ပိန်းရိုးခြောက် များကို ကိုရီးယား ဈေးကွက် မပျောက်အောင် နှစ်စဉ်တိုးချဲ့ တင်ပို့နိုင် ရေး၊ လက်ရှိအချိန်တွင် ကုမ္ပဏီတစ်ခုတည်းကိုသာ တင်ပို့နေရ၍ ဈေးနှုန်းတစ်မျိုးတည်းရရှိခြင်းထက် ပြည်ပကုမ္ပဏီအသစ်၊ ဝယ်လက်အသစ်များကို ရှာဖွေ ချိတ်ဆက်ပြီး ဈေးနှုန်းပိုမိုရရှိရေး ကြိုးပမ်း ဆောင်ရွက်ရန်နှင့် မိမိတို့အပိုင်းမှလည်းလုပ်ငန်း ရှင်အား ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားပါသည်။
ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် ကလည်း နောက်ပိုင်းတွင် သဘာဝအလျောက် ပေါက်နေသည့် ပိန်းပင်များ လျော့နည်းလာမည် ဆိုပါက ကုန်ကြမ်းများ ရှားပါးလာနိုင်သောကြောင့်  နှစ်စဉ်ပိန်းရိုးခြောက်များကို ပြည်ပသို့ တင်ပို့နိုင် ရေးအတွက်  လုပ်ငန်းရှင်များအနေဖြင့် ယခုက တည်းက စိုက်ပျိုးရရှိနိုင်မည့် မြေနေရာများ ကို ဝယ်ယူ၍ စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိမိတို့ ဌာနအနေဖြင့် စိုက်ပျိုးမြေရရှိရေးအတွက် သက် ဆိုင်ရာဌာနများ တောင်သူများနှင့် ညှိနှိုင်းဆောင် ရွက် ပေးခြင်း၊ လုပ်သားအင်အားများ ရရှိအောင်ကူညီဆောင်ရွက်ပေးခြင်းသာမက လုပ်ငန်းရှင် ကလည်း ကိုရီးယားနိုင်ငံသို့ သွားရောက်လေ့လာ၍ ဖောက်သည်အသစ်များ ထပ်မံရှာဖွေကာ ဈေးကွက် ဝေစု ပိုမိုကျယ်ပြန့်လာစေရန်ဆောင်ရွက်ရမည့် အပိုင်းများကို အကြံပြုဆွေးနွေးခဲ့ပြီး ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး၊ ပို့ကုန်အမယ်သစ် ပိန်းရိုး ခြောက်ဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသဆိုင်ရာ
အာဏာ ပိုင် များ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် လုပ်ငန်းရှင်တို့ ပူးပေါင်းဆောင် ရွက်ရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။