Main menu

Background

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးနှင့် ဝင်ငွေတိုးနေတဲ့ ချောင်ဦးမြို့နယ်က သခွားမွှေးစိုက်ပျိုး ထုတ်လုပ်သူများ

Thu, 05/11/2017 - 15:05 -- journal_editor

   စစ်ကိုင်းတိုင်းဒေသကြီးတွင် အသား တင်စိုက်ပျိုးမြေဧက ၄၅ သိန်းကျော်ရှိပြီး ရေရရှိမှု နည်းလမ်းများအရ ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်း သီးနှံ၊ စားဖိုဆောင်သီးနှံများနှင့် သစ်သီး ဝလံများကို ဟန်ချက် ညီညီ စိုက်ပျိုးထုတ် လုပ်လျက်ရှိပါတယ်။စိုက်ပျိုးသီးနှံများအနက် ဖရဲ၊ သခွား မွှေးစိုက်ဧက(မိုး+ဆောင်း) ၂၈၀၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး ဈေးကွက်လိုအပ်ချက် အရ နှစ်စဉ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ဈေးကွက် အင်အားကြီး မားပြီး နှစ်စဉ်ဝယ်လိုအားမြင့်တက်လျက်ရှိသည့် တရုတ် (မူဆယ်)ဈေးကွက်သို့ နှစ်စဉ်တင်ပို့သည့် ပို့ကုန်သာမက ပြည်ပဝင်ငွေများ တိုးတက် ရရှိနေတဲ့ ချောင်းဦးမြို့နယ်က သခွားမွှေး စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များရဲ့ သခွားမွှေးစိုက်ခင်းကို ၂၀၁၇ခုနှစ်၊ ဧပြီ ၁၃ ရက်က စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (၂) ခရီးစဉ်မှာ လေ့လာဖြစ်ခဲ့ပါတယ်။
    စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်မှာ ချောင်းဦးမြို့နယ်၊ တောချောင်းဦးကျေးရွာ မှ ဦးနိုင်ထွေး ဖြစ်ပြီး သခွားမွှေးစိုက်ပျိုးသည့် သက်တမ်း ရှစ်နှစ်ခန့်ရှိပြီလို့ ဆိုပါတယ်။ ယခုနှစ် ဆောင်းစိုက်အဖြစ် သခွားမွှေးဧက ၁၅၂ ဧက စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ မြေငှားရမ်းခ တစ်ဧက ခြောက်  သိန်းကျော်ရှိပြီး၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်မှာ မူဆယ် သစ်သီးဒိုင်အရောက် ကားခ အပါ အဝင် တစ်ဧက ကျပ်သိန်း ၇၀ ခန့် ကုန်ကျကြောင်း သိရပါတယ်။
   တစ်ဧက ထွက်ရှိသည့်အလုံးမှာ ဝူခုန်းမျိုး  ၆၀၀၀ လုံး၊ ရွှေသခွား ၇၀၀၀ ခန့် ထွက်ရှိပြီး တစ်လုံးလျှင် သုံး^လေး ကီလို ခန့် အလေးချိန်ရှိပြီး တစ်ဧက သခွားမွှေး (၁၆တန်မှ ၁၈တန်ခန့်) ထွက်ရှိ တယ်လို့ သိရပါတယ်။ တင်ပို့တဲ့ အချိန်က မူဆယ် ဈေးကွက်မှာ သခွာမွှေး တင်ပို့တဲ့ကားများ နည်းလာတဲ့အတွက် တစ်ကီလိုကို ဝူခုန်း လေးယွမ်မှ ငါးယွမ်၊ ရွှေသခွား ငါးယွမ်မှ ခြောက် ဒသမ ငါး ယွမ်အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ယခုနှစ် သခွားမွှေးစိုက်ပျိုး သူများ တွက်ချေကိုက်ပြီး ၁၄၂ ဧကအတွက် အသားတင်(ခန့်မှန်း) အမြတ် သိန်း ၉၀၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ သခွား မွှေးစိုက်ပျိုး ထုတ်လုပ်ပြီး ပြည်ပဈေးကွက် သို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းက ကြီးစွာ သောစွန့်စားခြင်းဖြစ်ပြီး ရှုံးသောနှစ်များ လည်း ကြုံတွေ့ခဲ့ရကြောင်း၊ သခွားမွှေးဖြစ် ထွန်းအောင်မြင်သော်လည်း မူဆယ်ဈေး ကွက်အရောက်   တင်ပို့ခြင်း လုပ်ငန်းမှာ အခက်အခဲများရှိကြောင်း၊ လမ်းပန်း ဆက် သွယ်ရေးချောမွေ့မှု၊ ရာသီဥတုအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှုများကလည်း အဓိက ကျပါကြောင်း စိုက်ခင်းရှင်က ဆိုပါတယ်။ သခွားမွှေး ၁၅၂ ဧက စိုက်ပျိုးခြင်းဖြင့် လုပ် သား ၄၅၀ ဦးကို အလုပ်အကိုင်အခွင့်အလမ်း ခြောက်လ ခန့်အလုပ်ပေးနိုင် ခဲ့သလို ပြည်ပ ဝင်ငွေကို  ရှာဖွေရရှိခဲ့တဲ့အတွက် နိုင်ငံ တော်မှ ပို့ကုန်မဟာဗျုဟာအဖြစ် မျှော်မှန်း ထားသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံပန်းမန်များထဲမှ သခွား မွှေးစိုက်ပျိုး ထုတ်လုပ်မှုအကြောင်း လေ့လာ ရေးသား လိုက်ရပါတယ်။ 

  အောင်မင်း (တန့်ဆည်)