Main menu

Background

ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများပြည့်စုံစေဖို့ ထိုင်ဝမ်ကင်းပုံသီး စိုက်ကြစို့

Thu, 05/11/2017 - 15:20 -- journal_editor

     မုံရွာမြို့ရဲ့အနောက်တောင်ဘက် အရပ်မှာရှိတဲ့ညောင် ဖြူပင်၊ ဘုဘ၊ နဂါးတွင်း၊ ပေါက်ပင်၊  ထနောင်းတော၊ ချမ်း သာကျွန်း၊ ကျွန်းကြီး  စတဲ့ ချင်းတွင်းမြစ်ရေဝင် ကျေးရွာတွေ ဟာ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် အဓိက စိုက်ပျိုး ထွက်ရှိရာ ဒေသတွေ ဖြစ်ကြပါတယ်။   မိရိုးဖလာဒေသထွက် သစ်သီး ဝလံတွေသာမက တိုးတက်လာတဲ့   နည်းပညာအလျောက် ထိုးဖောက်ဝင်ရောက်လာတဲ့ မျိုးစိတ်အသစ်တွေကို  လေ့လာ စူးစမ်းစမ်းသပ် စိုက်ပျိုး ရင်း  ဒေသရဲ့ဈေးကွက်လိုအပ်ချက်ကို ဖြည့်စွက်ချဲ့ထွင်လျက်ရှိတာတွေ့ရပါတယ်။ယခုလောလောဆယ် ဒေသခံ တောင်သူတွေ စိတ်ဝင် တစား တက်<ကစွာ စိုက်ပျိုးကြတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ  ''ထိုင်ဝမ်ကင်းပုံသီး''က စိုက်ပျိုးသူတွက်ခြေအကိုက်ဆုံး သီးနှံ ဖြစ်တာတွေ့ရပါတယ်။စိုက်ပျိုးထုတ်လုပ်မှုဖြစ်စဉ်ကို  လေ့လာကြည့်တဲ့အခါ ထိုင်ဝမ်ကင်းပုံပင်ရဲ့ ပင်စည်အနွယ်လေးပေမှ ခြောက်ပေ  အရှည်ကို ဖြတ်တောက်ပြီး ကျင်းတစ်ကျင်းမှာ ငါးပင်ခန့် စိုက် ပျိုးရပါတယ်။ အကြမ်းအားဖြင့် တစ်ဧက ကျင်း ၃၀၀ ခန့်၊ အပင် ၁၅၀၀ခန့် စိုက်ပျိုးလေ့ရှိပြီး အရေးအကြီးဆုံး စိုက်ပျိုး ပုံစံအရ ]စင်} တင်စိုက်ပျိုးရတဲ့အတွက် သစ်သား၊ ဝါး၊ သွပ်နန်းနဲ့ ပီနံကြိုးဖိုး တစ်ဧကကျပ် ၁၀ သိန်းခန့် ကုန်ကျပါတယ်။ ဒုတိယ မရှိ မဖြစ်လိုအပ်ချက်က ]ရေ}ဖြစ်ပြီး ဆည်ရေ၊ မြစ်ရေတင်၊ အစိုးရ မြေအောက်ရေနဲ့ဝေးတဲ့စိုက်ကွင်းအတွက်ဆိုရင် ရေတွင်းတူးခြင်းနဲ့ ရေစုပ်စက်အတွက် အနည်းဆုံး ကျပ် ၁၅ သိန်းခန့် ကုန်ကျနိုင်တယ်လို့  ကင်းပုံစိုက်တောင်သူ ဦးသန်းမြင့် က ပြော ပါတယ်။
ထိုင်ဝမ်ကင်းပုံ စိုက်ပျိုးသူအများစုက မျိုးစေ့ကို စိုက်ပျိုး ခြင်းထက် အပင်ဟောင်းက ပင်စည်ကို မျိုးအဖြစ် ဝယ်ယူစိုက်  ပျိုးခြင်းက အပင်ဖြစ်မြန်၊ ငွေပေါ်မြန်သလို ယခုလို ကုန်ကျ စရိတ်မြင့်မားလျက်ရှိသော်လည်း တောင်သူတွေ စိုက်ပျိုး လိုမှု အားသန်နေရခြင်းမှာ နှစ်ရှည်ပင်ဖြစ်ခြင်း၊ ပြုစုစရိတ်  သက် သာခြင်း၊ နေ့စဉ် ခူးဆွတ်ရလို့  ပုံမှန်ဝင်ငွေရရှိခြင်း၊ အခြေခံ ပေါက်ဈေး တစ်လုံးအနည်းဆုံး လေးကျပ်မှ ခုနစ်ကျပ်အထိ  ဈေးကောင်းရခြင်း၊ ဒေသဈေးကွက်နှင့် ပြည်တွင်းဈေးကွက် ဝယ်လိုအားကောင်းမွန်ခြင်း၊ထိုင်ဝမ်ကင်းပုံသီးစင်တွင်အခြား ဝင်ငွေရ သီးညှပ်အဖြစ် ခဝဲ၊ ပဲရှည်သီး၊ ငရုတ်၊ ချဉ်ပေါင်၊ ဘူး ပင်များစိုက်ပျိုးနိုင်ခြင်း စတဲ့အားသာချက်တွေကြောင့် တောင် သူတွက်ခြေကိုက် ဟင်းသီးဟင်းရွက်ဖြစ်လို့ မုံရွာမြို့နယ်တစ် ဝိုက်မှာ ထိုင်ဝမ်ကင်းပုံ စိုက်ပျိုးမှု တိုးတက်လာခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။                
                ထွန်းလှိုင် (မုံရွာ)