Main menu

Background

ရန်ကုန်မြေသြဇာဈေးကွက် အရောင်းပုံမှန်ရှိ

Tue, 05/16/2017 - 15:02 -- journal_editor

    ဧပြီလ ၃၀ ရက်မှ မေ ၆ ရက် အထိသီတင်းတစ်ပတ်အတွင်း   ပြည်တွင်းသို့ ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၀၉၀ ကျော်အဝင်ရှိခဲ့ပြီး ယခင်သီတင်းပတ်က တင် သွင်းခဲ့တဲ့ တန်ချိန် ၃၃၂၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် နယ်စပ်လမ်းမှ မြေသြဇာ အဝင်မှာ တန်ချိန် ၃၁၈၉၀ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်က အဝင်မှာ တန်ချိန်၃၁၃၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၅၆၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရ ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မြေသြဇာတင်သွင်းမှုမှာ ရေကြောင်းလမ်းမှ အဝင် လျော့ခဲ့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့ပါတယ်။
ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ မကွေး ၊ ရန်ကုန်နဲ့ တောင်ကြီးမှာ အရောင်းအေးတယ်လို့သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ရောင်းဈေးလည်းငြိမ်နေသလို   အရောင်းအဝယ် လည်းတော်တော်အေးနေတယ်လို့သိရပါတယ်။  ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ပုလဲ-အသေး ၄၆%(ရွှေတုံး၊ရွှေပျား၊ ရွှေတောင်-တရုတ်) ကျပ် ၂၁၀၀၀၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ကျပ် ၃၄၅၀၀၊ ကွန်ပေါင်း (ပန်းရောင်) ကျပ် ၂၉၅၀၀၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ကျပ် ၂၁၀၀၀၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ကျပ် ၂၀၅၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့စုံစမ်း သိရှိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ယခုတစ်ပတ်အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဧပြီနောက်ဆုံးသီတင်းပတ်မှစတင်ပြီး မြေသြဇာဈေးငြိမ်နေတယ်လို့  စိုက်ပျိုး ရေးပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ  ယူရီးယား (ရွှေတောင်-တရုတ်) ကျပ် ၂၃၅၀၀၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၃၅၀၀၊ တီစူပါ (သံကွင်း-တရုတ်) ကျပ် ၂၀၅၀၀၊ ပိုတက်(အိန္ဒိယ) ကျပ်၂၃၅၀၀၊ ကွန်ပေါင်း ၁၅ ပတ်လည် ကျပ် ၃၇၇၀၀၊ ကွန်ပေါင်း ၁၆ ပတ်လည် ကျပ် ၄၀၇၀၀နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ ယူရီးယား-ပုလဲနဲ့ တီစူပါ၁၀း၁၀း၅ က အဝယ်လိုက်ပြီး မြေသြဇာဈေးနည်းနည်း မြင့်လာတယ်လို့ သိရပါတယ်။ ယူရီးယားက  ကျပ် ၁၀၀၀၊တီစူပါ ၂၀%က ကျပ် ၅၀၀၊ မြှားကမ္ဘာ၊ ပိုတက်နဲ့တီစူပါ၁၅ ပတ်လည်က  ကျပ်၃၀၀၊ ဓာတ်ဆားက ကျပ် ၆၀၀၊ တီစူပါ ၁၀း၁၀း၅ က ကျပ် ၃၀၀၀ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ (ကမ္ဘာလုံး-တရုတ်) ကျပ် ၂၂၅၀၀ ၊ယူရီး ယား(ရွှေတောင်-တရုတ်) ကျပ် ၂၂၅၀၀၀၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၃၈၀၀၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၃၀၀၀ ၊ ပိုးသတ်ဆေး ကျပ် ၁၉၀၀၊ တီစူပါ ၁၅ ပတ် လည် (တရုတ်) ကျပ် ၃၇၈၀၀ ၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)   ကျပ် ၁၉၀၀၀၊ ဓာတ်ဆား (တရုတ်)  ကျပ်၁၃၅၀၀၊ ပိုတက်(တရုတ်) ကျပ်၂၃၅၀၀၊  ယူရီး ယား (ယူအေအီး) ကျပ် ၁၈၀၀၀ ၊ မြှား ကမ္ဘာ ကျပ် ၁၅၄၀၀ ဈေးနဲ့    အရောင်း အဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။
မန္တလေးဈေးကွက်မှာ  အရောင်း အဝယ် နည်းနည်းကောင်းပြီးဈေးလည်း နည်းနည်းမြင့်လာတယ်လို့သိရပါတယ်။ ယခုတစ်ပတ် ယူရီးယား(ရွှေတောင်-တရုတ်)က ကျပ်၃၀၀၊ တီစူပါ၄၆%က  ကျပ်  ၆၀၀၊ မြှားသီးစုံက ကျပ် ၂၀၀၊ ပန်း သီးစုံက ကျပ်၄၀၀ဈေးမြင့်တယ်လို့သိရ ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးမှာယူရီးယား(ရွှေတောင်-ပုလဲ) ကျပ် ၂၁၉၀၀၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ် ၂၂၈၀၀၊ တီစူူပါ ၄၆% ကျပ် ၁၉၆၀၀၊ မြှားသီးစုံ ကျပ် ၁၄၆၀၀၊ ပန်းသီးစုံ ကျပ် ၁၅၆၀၀နဲ့   အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။