Main menu

Background

ဘိလပ်မြေဈေးကွက်အရောင်းသွက်

Tue, 05/16/2017 - 15:19 -- journal_editor

         ဧပြီလ၃၀ ရက်မှ မေလ ၆ ရက် အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ  ဘိလပ်မြေတန်ချိန် ၈၃၀၀ ကျော်အဝင်ရှိခဲ့ပြီးယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန်၄၇၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင်   ဒီတစ်ပတ်မှာ တန်ချိန် ၃၅၀၀ ကျော်  အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။ ဧပြီလ ၁၅ ရက်မှ ၂၁ရက်အထိ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၈၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန် ၁၇၃၉၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၇၄၄၀ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်  ဒီတစ်ပတ်မှာ ရေကြောင်းလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ယခုတစ်ပတ်ဘိလပ်မြေအရောင်းအဝယ်သွက်ပြီး ဈေးငြိမ် နေတယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ အထိုင်ဈေးမှာ ဆင်(ထိုင်း)ကျပ် ၅၆၀၀၊ စိန်(ထိုင်း) ကျပ်၅၇၀ဝေ၊ မော်လမြိုင်ဆင် ကျပ် ၅၆၀၀၊ ကြံ့ နှစ်ကောင်(နီ) ကျပ် ၅၅၅၀၊ ကြံ့နှစ် ကောင်(စိမ်း) ကျပ် ၅၂၅၀ နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဘုရင့်နောင်ပွဲရုံတန်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိ ရပါတယ်။
မကွေးဘိလပ်မြေဈေးကွက်မှာအရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ဘိလပ်မြေဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ  ဆင် (ထိုင်း) ကျပ် ၆၂၀၀၊ အပါချီ (ထိုင်း) ကျပ် ၅၂၀၀ ၊ ကြံ့ ကျပ် ၅၃၀၀ ၊မြင်းခေါင်း ကျပ် ၅၃၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။
မော်လမြိုင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်သွက်ပြီး ဆင်၊စိန်၊ ကြံ့နဲ့ မြန်မာဆင်ကကျပ် ၅၀ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ကျပ်၅၆၀၀၊ စိန်(ထိုင်း) ကျပ် ၅၆၀၀၊ ကြံ့(မြိုင် ကလေး)ကျပ်၄၉၅၀၊ မြန်မာဆင် ကျပ် ၅၁၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ် ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရပါတယ်။
တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်သွက်တယ်လို့ သိရပါ တယ်။ဒီတစ်ပတ် ဆင်နဲ့စိန်က ဈေးငြိမ်နေပြီးအပါချီနဲ့ ကမ္ဘောဇက ဈေးနည်းနည်းမြင့် လာပါတယ်။ ဆင်ကတော့ ဈေးကွက်ထဲ ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း) ကျပ် ၇၂၀၀၊ အေသုံးလုံးကျပ် ၅၂၀၀၊ အပါချီ ကျပ် ၄၇၀၀၊ ကမ္ဘောဇ ကျပ် ၄၉၀၀၊ နဂါးကျပ် ၄၉၀၀၊ ဆင်(ထိုင်း) ကျပ်၆၆၀၀နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင် မှ စုံစမ်းသိရပါတယ်။