Main menu

Background

သစ်သီးဝလံဈေးကွက်သို့ ပြည်ဒေသထွက် မြကျောက်သရက် ဝင်ရောက်

Wed, 05/17/2017 - 14:20 -- journal_editor

     ပဲခူးတိုင်းဒေသကြီး၊   ပြည်ခရိုင်အတွင်း သစ်သီးဝလံ ဈေးကွက်သို့ မေလဆန်းမှစ၍ သရက်သီးမှည့်များ စတင် ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ပြည်ခရိုင်၊ ပြည်မြို့နယ် တွင် မြကျောက်၊ ရင်ကွဲ၊ မချစ်စု၊ ဘုတ်ဆုံသီး စသည်ဖြင့် အမျိုးအစားများစွာရှိသော်လည်း   မြကျောက်သရက်သီး အထွက်ပိုများလို့ ပြည်ဒေသရဲ့  ဒေသထွက်လက်ဆောင်တစ်ခု အဖြစ်ပါဝင်နေခဲ့ပါတယ်။  ပြည်အနီးတစ်ဝိုက်နှင့် ပြည်တစ် ဖက်ကမ်း၊ ရွှေဘုံသာမုနိ ဘုရား အနီး ကျေးရွာများမှလည်း မြကျောက်သရက်သီးများ ထွက်ရှိတာကြောင့် ရွှေဘုံသာမုနိ ဘုရားကြီး၏ ဈေးတန်းတစ်လျှောက်မှာ ယခုလိုအချိန် ကာလ များတွင် သရက်သီးအရောင်းဆိုင်များ ပြည့်နှက်လျက်ရှိကြ ကာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများက ပြည်ဒေသထွက် လက်ဆောင်တစ်ခုအဖြစ် ဝယ်ယူကြပါတယ်။ သရက်သီးမှည့်များမှာ ပေါ်စ အချိန်ဖြစ်လို့ သရက်သီးအလုံး ချောပါက တစ်လုံး ကျပ် ၇၀၀၊ အလတ်ဆိုလျှင်  တစ်လုံးကျပ် ၅၀၀၊ အသေးဆိုလျှင် ကျပ် ၃၀၀ မှ ကျပ် ၄၀၀ အတွင်းရှိပြီး အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းများ  ကွာခြားခဲ့တာကို လည်း တွေ့ရပါတယ်။  ၁၅ လုံးပါခြင်းတစ်ခြင်းလျှင် ကျပ် ၆၀၀၀ နှင့် ကျပ် ၅၀၀၀ အကြား ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။ သရက်သီးမှည့်ရာသီချိန်ဖြစ်လို့ သစ်သီးဝလံ ဈေးကွက်မှာ မေလအတွင်း  မြကျောက်သရက်ဈေးကွက်တွင်ကျယ်လျက်ရှိနေခဲ့ပါတယ်။                             

         ခင်ဆွေဝင်း