Main menu

Background

ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူအသစ်များ ဝင်ရောက်မှုကြောင့် ဈေးအနည်းငယ်ကျ

Wed, 05/17/2017 - 14:22 -- journal_editor

ပြည်(ပွဲရုံ) ဈေးကွက်အတွင်းသို့ ကြက်သွန်ဖြူအသစ်တွေ ဝင်ရောက်လာတာတွေ့ရပါတယ်။ အစိုဓာတ်ရှိနေပေမယ့် ဈေးကွက်ဝင်  အရွယ်အစားရှိပြီး၊ ဈေးနှုန်းကျဆင်းတာကြောင့်လည်း အရောင်းအဝယ်ကျ မသွားဘဲ ပုံမှန်ရောင်း ဝယ်နေတာတွေ့ ရပါတယ်။ ကြူကုတ်စရော၊ ရှမ်းစပါ အသစ်တွေချည်း ဝင်ရောက်လာတာ တွေ့ရပါတယ်။ယခုတစ်ပတ် ကြက်သွန်ဖြူဈေးတွေကတော့ ပြည်(ပွဲရုံဈေး) လက်ကားတစ်ပိဿာလျှင် ရှမ်းစ ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ထိရှိပြီး၊ ကြူကုတ်စ တစ်ပိဿာ  ကျပ် ၅၇၀၀ တို့ဖြစ်ပါတယ်။ လက်လီဈေးများတွင်တော့ ရှမ်းစ ကျပ် ၄၅၀၀ နှင့် ကြူကုတ်စ ကျပ် ၆၈၀၀ ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါတယ်။ အဝင်အနေဖြင့် ပြည်ဈေးကွက်အတွင်း မှာ ကြက်သွန်ဖြူ အဟောင်းလက်ကျန် ကိုသာ ရောင်းချနေကြရတဲ့အတွက် ပွဲစားများလက်ဝယ်ကျန်ရှိနေတဲ့ ကြက်သွန်ဖြူ အသစ်အဝင်မရှိခင် စပ်ကြား ကြိုက်ဈေးခေါ် ပြီး ဈေးဖြစ်ခဲ့တာကြောင့် ဈေးနှုန်းအမြင့်ဆုံးရောက်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ရှမ်းပြည်ရော တရုတ်ဘက်ကပါ ကြက်သွန်ဖြူအသစ် ထွက်လာတာကြောင့် ဈေးကွက်မှာ  ကြက်သွန်ဖြူအဝင်များသလို အဆွဲလည်းများကြောင်း သိရပါတယ်။ ကြက်သွန်ဖြူရှမ်းစဆိုလျှင် အရည်အသွေးပါကောင်းပြီး တစ်ပိဿာ ကျပ် ၃၀၀၀ ဝန်းကျင်ပေါက်ဈေးကြောင့် အရောင်းအဝယ်ပိုဖြစ်တာတွေ့ရပါတယ်။

နီနီဝင်း