Main menu

Background

ဆန်ကော၊ ဆန်ခါရက်လုပ်ခြင်းဖြင့် ကျေးလက်တောင်သူများ စီးပွားဖြစ်လျက်ရ

Tue, 05/23/2017 - 11:11 -- journal_editor

   ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ရွာသာကျေးရွာနှင့် လိန်ကုန်းကျေးရွာ များသည် ဆန်ကော၊ ဆန်ခါ ရက်လုပ် ခြင်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကျေးလက်နေ ပြည်သူများအနေဖြင့် စီးပွားရေးကောင်း မွန်လျက်ရှိကြောင်း သိရပါသည်။ဆန်ကောရက်လုပ်ခြင်း လုပ် ငန်းတွင် ဝါးလုံးအဆစ်ဖြတ်တောက် ခြင်း၊ ဝါးဆစ်ကိုဝါးချောင်းငယ်များ အဖြစ် ခွဲစိတ်ခြင်း၊ ဝါးခြမ်းစိတ်ငယ်မှ နှီးလွှာခြင်း၊ နှီးပြားများကို အချော သတ်ခြင်း၊ အချော သတ်ပြီး နှီးများကို ဆန်ကောဆန်ခါပြင်အဖြစ် ရက်လုပ် ခြင်း၊ ရက်လုပ်ပြီး ဆန်ကောပြင်ကို နှီးများသိပ်သည်းရန်ဒေါက်ရိုက်ခြင်း၊ ဒေါက်ရိုက်ပြီး ဆန်ကောပြင်ကို ဆန်ကော အရွယ်အစားမီစေရန် စက်လှည့်ပြီး ဖြတ်တောက်ခြင်း၊ စက်ဖြတ်ပြီး ဆန် ကောပြင်ကို လက်မကွင်းဖြင့်ပတ်ခွေပြီး ဆန်ကောပြင်နင်းခြင်း၊ နင်းပြီးလျှင်ကြိမ် တင်ခြင်း၊ ကြိမ်တင်ပြီးလျှင် ကြိမ်လျှော် ဖြင့် ဆန်ကောပေါင်ကွပ်ခြင်း လုပ်ငန်း များကို အဆင့်ဆင့် လုပ်ဆောင်ပြီးပါက ဆန်ကောအချောတစ်ချပ် ရရှိမည် ဖြစ် ပါသည်။
ဆန်ခါရက်လုပ်ခြင်း လုပ်ငန်း တွင် ဆန်ကောရက်လုပ်သည့်နည်းတူ ဝါးလုံးများကို အဆင့်ဆင့်ပြုလုပ်ရပြီး ဆန်ခါ ပြင်အဖြစ် ရက်လုပ်ခြင်း၊ ရက် လုပ်ပြီး ဆန်ခါပြင်ကို ဘေးနှီးဖြည့်ခြင်း၊ ဘေးနှီးကို ဒေါက်ရိုက်ပြီး ဆန်ခါပြင်ကို ဆန်ခါ အရွယ်အစားမီအောင် စက်လှည့် ၍ ဖြတ်တောက်ခြင်း၊ စက်ဖြတ်ပြီး ဆန် ခါပြင်ကို လက်မကွင်းဖြင့် ပတ်ခွေပြီး ဆန်ခါပြင်နင်းခြင်း၊ နင်းပြီးလျှင် ကြိမ်တင် ခြင်း၊ ကြိမ်တင်ပြီးလျှင် ကြိမ်လျှော်ဖြင့် ဆန်ခါပေါင်းကွပ်ခြင်းလုပ်ငန်းများကို အဆင့်ဆင့်လုပ်ဆောင်ပြီးပါက ရောင်း တန်းဝင် ဆန်ခါတစ်ချပ်ကို ရရှိမည်ဖြစ် ပါသည်။
ဆန်ကော၊ ဆန်ခါရက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြု သည့် ကုန်ကြမ်းပစ္စည်းဖြစ်သည့် သိုက် ဝါးနှင့်မျှင် ဝါးကို ပုလဲမြို့နယ်၊ ပုံတောင် ဒေသမှ ရရှိပါသည်။ ဝါးလုံးအလုံး ၁၀၀ အတွက် ငွေကျပ် ၁၂၀၀၀၀ ကုန်ကျပါ သည်။ လက်မခွေနှင့် ပေါင်းကွပ်ရာ တွင် အသုံးပြုသည့် ကြိမ်ကို အလုံမြို့ (ချင်းတွင်း) မြစ်ဆိပ်ရှိ ကြိမ်ပွဲရုံမှဝယ်ယူ ပါသည်။ ကြိမ်လုံး ၇၅၀ အတွက် ငွေကျပ် ၇၅၀၀၀ ကုန်ကျပါသည်။ အခြေခံကုန် ကြမ်းပစ္စည်းဖြစ်သည့် ဝါးလုံး ၁၀၀ နှင့် ကြိမ်လုံး ၇၅၀ အသုံးပြုလျှင် ဆန်ကော၊ ဆန်ခါ အချပ် ၅၀၀ ရရှိပါသည်။
ဆန်ကော၊ ဆန်ခါတစ်ချပ်၏ တန်ဖိုးမှာ ကျပ် ၁၅၀၀ ဖြင့် ရောင်းချရ သဖြင့် အချပ် ၅၀၀ အတွက် ငွေကျပ် ၇၅၀၀၀၀ ရရှိမည်ဖြစ်သည်။ ကုန်ကြမ်း ပစ္စည်းများဖြစ်သည့် ဝါးလုံး ၁၀၀ နှင့် ကြိမ်လုံး ၇၅၀ ၏ တန်ဖိုးမှာ ကျပ် ၁၉၅၀၀၀ သာကုန်ကျသဖြင့် ဆန်ကော၊ ဆန်ခါ ရောင်းချငွေ ကျပ် ၇၅၀၀၀၀ မှ နှုတ်လျှင် ကျပ် ၅၅၅၀၀၀ ကျန်ရှိမည် ဖြစ်ပါသည်။ အိမ်ထောင်စုတစ်စုလျှင် ပျမ်းမျှနှစ်ဦးနှုန်းသည် တစ်ရက်လျှင် ဆန်ကော(သို့မဟုတ်) ဆန်ခါ ရှစ်ချပ်  နှုန်းပြီးသဖြင့် တစ်လလျှင် အချပ် ၂၄၀ ပြီးစီးပါသည်။ ဆန်ကော၊ ဆန်ခါရက် လုပ်ခြင်းတွင် တစ်ချပ်လျှင် ၇၂၅ ကျပ် သာကုန်ကျပြီး ဆန်ကောဆန်ခါတစ်ချပ် အတွက် ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချရ သည့်အတွက် ဆန်ကောအချပ် ၂၄၀ အတွက် ကုန်ကျစရိတ်မှာ ကျပ် ၁၇၄၀၀၀ ကုန်ကျပြီး အချပ် ၂၄၀ ရောင်းရငွေမှာ ကျပ် ၃၆၀၀၀၀ ရရှိရာ အိမ်ထောင်စု တစ်စုလျှင် အသားတင်ကျပ်ငွေ ကျပ် ၁၈၆၀၀၀ ရရှိကြောင်း သိရပါသည်။  
မိုးမိုးမြင့် (ယင်းမာပင်)