Main menu

Background

ပြည်ဆန်/စပါးဈေး ငြိမ်သော်လည်း နွေဆန် အရောင်းအဝယ်သွက်

Thu, 06/01/2017 - 12:00 -- journal_editor

ပြည်ခရိုင်အတွင်း ပြည်ဈေးကွက်နှင့်အနီးတစ်ဝိုက်ရှိ ဒေသဈေးကွက်များတွင် ဧပြီ၊ မေလများအတွင်း ဆန်၊ စပါးဈေးနှုန်းများ ဈေးငြိမ်လျက်ရှိကြောင်း သိရပါတယ်။ ယခုမေလစတုတ္ထပတ်အတွင်းမှစ၍သဲကုန်းမြို့နယ်မှ အစောဆုံး ထွက်ရှိလာသော နွေစပါးများ ပြည်ဈေးကွက်သို့ ဝင် ရောက်လာတာ တွေ့ရပါတယ်။ ဆန်ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ ဒီနှစ်ပေါ်စ နွေစပါးဟာ အရည်အသွေး ကောင်းမွန်သဖြင့် ဝင်ရောက်လာသမျှ ဝယ်လက်အဆွဲများပြီး အေ ရာင်းသွက်၍ ဈေးကောင်းရရှိကြောင်းလည်း သိရပါတယ်။ ပြည်ဈေးကွက်မှ အောင်လံ၊ ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ မင်းတုန်းစတဲ့မြို့နယ်များမှ တစ်ရက်ကြိတ်ခွဲရသမျှ အရောင်းအဝယ်အကုန်ဖြစ်ကာ  ရန်ကုန်ဝယ်လက် အဝယ်ရှိ သလောက် မတင်ပို့နိုင်သေးကြောင်းလည်း သိရပါတယ်။ ယခင် မိုးဆန်စပါးဈေးနှုန်းများ ဈေးငြိမ်နေပြီး ရန်ကုန်သို့ တစ်ပတ်လျှင်အိတ် ၈၀၀ ခန့် ပုံမှန်တင်ပို့နေပါတယ်။ ယခုတစ်ပတ် ဆန်၊ စပါးဈေးနှုန်းမှာ  တောင်ပျံမွှေး (ဆန်ချော) စပါး(၄၆ ပေါင်ကိုက်)တင်း၁၀၀ကို ကျပ်၆၅၃၂၀၀၊ ဧည့်မထ (မိုးစပါး) ကျပ် ၄၄၅၀၀၀၊ နွေသစ်စပါး ကျပ် ၄၄၁၀၀၀ တို့ဖြင့် ရောင်းဝယ်လျက်ရှိနေပါတယ်။ ဆန်တစ် အိတ်ချင်းဈေးနှုန်းတွေကတော့ တောင်ပျံမွှေး ကျပ် ၃၂၀၀၀၊ ဧည့်မ ထမိုးဆန် ကျပ် ၁၇၀၀၀နှင့် ဧည့်နွေသစ် ဆန်တစ်အိတ်ဈေးကတော့ ကျပ် ၂၁၀၀၀ ဖြင့်  ဈေးကောင်းရနေ ကြောင်းသိရပါတယ်။ နွေစပါးဈေးကောင်းရနေပြီး ဆန်အိတ်ဈေးများမှာလည်း မိုးဆန်ထက် ဈေးစွာပြီး အရောင်းသွက်နေ ပါတယ်။ ပြည်ဒေသအတွင်းနယ်စုံမှ ထွက်ရှိမှု မရှိ သေးကြောင်းလည်းသိရပါတယ်။

 

နီနီဝင်း