Main menu

Background

ကမ္ဘောဇဘဏ်က ပထမဦးဆုံး ထိုင်း-မြန်မာ ငွေလွှဲကတ် ဝန်ဆောင်မှုပေးရန် ထိုင်းနိုင်ငံမှ K Bank နှင့် ပူးပေါင်းဆောင်ရွက်

Thu, 06/08/2017 - 11:27 -- journal_editor

        ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာအလုပ် သမားများအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား  ယုံကြည်စိတ်ချစွာ ငွေလွှဲနိုင်စေရန်အတွက် Myanmar Remit Card (မြန်မာငွေလွှဲကတ်) ဝန် ဆောင်မှုအသစ်ကို ထိုင်းနို င်ငံရှိ Kasikorn ဘဏ် (KBank) နှင့်ပူးပေါင်း၍ စတင်လုပ်ဆောင်လျက်ရှိ နေပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။ ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ကတ်များ နှင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ KBank ATM စက်များမှ တစ်ဆင့် ဘားကုဒ်အား Scan ဖတ်စစ်ဆေးခြင်း ဖြင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား များအနေဖြင့် လက်ခံအကောင့်တစ်ခုဆီသို့ တစ် နေ့လျှင်တစ်ကြိမ်နှုန်းဖြင့် ထိုင်းဘတ်ငွေ ၁၀၀ç၀၀၀ အထိ (မြန်မာကျပ် ၃ç၉၀၀ç၀၀၀ ဝန်းကျင်) ငွေ လွှဲနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းမှ လက်ခံရ  ရှိသူများသည်လည်း ငွေကြေးများကို မြန်မာကျပ် အဖြစ် ကမ္ဘောဇဘဏ်ခွဲ ၄၆၀ ကျော်နှင့် တစ် နိုင်ငံလုံးတွင်ရှိသော ကမ္ဘောဇ ဘဏ် ATM စက် အလုံး ၉၃၀ တွင်နေ့ချင်းထုတ်ယူနိုင်ကြောင်း သိရ သည်။
          "ကမ္ဘောဇဘဏ်အနေနဲ့ ထိုင်းနိုင်ငံရဲ့ ထိပ် တန်းဘဏ်တစ်ခုဖြစ်တဲ့ KBank နဲ့ပူးပေါင်းပြီး ကတ်ကိုင်ဆောင်သူတိုင်း ကမ္ဘောဇဘဏ်ရဲ့ ကျယ်ပြန့်တဲ့ ဘဏ်ခွဲတွေနဲ့ ATM ကွန်ရက်ကနေတစ်ဆင့် လွယ်ကူအဆင်ပြေစွာ မြန်မာနိုင်ငံသို့ ငွေကြေး တိုက်ရိုက်ပေးပို့နိုင်မယ့် ဒီလိုဆန်းသစ်တဲ့ ဝန် ဆောင်မှုကို မိတ်ဆက်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူ မိပါတယ်။ ခုလိုအထူးအစီအစဉ်ကြောင့်  ထိုင်း နိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားဟာ တရားမဝင်တဲ့ ငွေလွှဲ၀ န်ဆောင်မှုတွေအစား လွယ်ကူပြီး တရားဝင်တဲ့စနစ်ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ရေရှည်မှာ နိုင်ငံအတွက် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်စိတ်ချရတဲ့ ခေတ်သစ်ငွေကြေးစနစ် မှတ်ကျောက်တစ်ခုအဖြစ် ထင်ကျန်ေ နမှာပါ"ဟု ကမ္ဘောဇဘဏ်၏ International Banking Divison မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းလွင်က ပြော ကြားသည်။
      Customer များအနေဖြင့် ထိုင်းနိုင်ငံရှိ KBank ဘဏ်ခွဲတိုင်းတွင် Myanmar Remit Card (မြန်မာငွေလွှဲကတ်)အား လျှောက်ထားနိုင်ကြောင်း သိရသည်။ ယင်းနောက် Bang Bon, Thanon Rama (2), YanNawa, Central Rama (2) နှင့် Mall Bang Kapi မှ KBank ဘဏ်ခွဲများတွင် ကတ်များထုတ်ယူနိုင်ပြီး စမွတ်ပရာကန်၊ စမွတ် ဆာခွန်၊ နခွန်ပါသွန်၊ ပက်ချာဘူရီ၊ တာ့ခ်၊ ဆုန် ခလာ၊ ချင်းရိုင် နှင့်ချောင်ဘူရီတို့ရှိ ဘဏ်ခွဲများတွင် လည်း အဆိုပါဝန်ဆောင်မှုများကိုရယူနိုင်ကြောင်း သတင်းရရှိသည်။

 

မယ်သီတာ