Main menu

Background

မေလတွင် ဆန်နဲ့ဆန်ကွဲ အနီးစပ်ဆုံးကာလထက် ပိုမိုတင်ပို့

Mon, 06/12/2017 - 10:31 -- journal_editor

    မေ ၂၇ ရက်မှ  ဇွန် ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၃၆၂၇၁ တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှု များမှာ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၂၈တန်ကျော်နဲ့ဧည့် မထဆန်တန်ချိန် ၁၉၈၀၀ ကျော် ၊ချင်းရွှေ ဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၂၄ တန်ကျော်နဲ့ ဧည့်မထဆန် ၂၁၃ တန် ကျော်၊ လွယ်ဂျယ် ကုန်သွ ယ်ရေးစခန်းမှ ငစိန်ဆန်တန်၁၅၀၅၀ ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၇တန်ကျော် တင်ပို့ခဲ့ပါတယ်။ ဆန်အပြင် ကောက်ညှင်းဆန် ၅၀၄တန်ခန့်ကို မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့ပြီး ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ ကောက်ညှင်းဆန် ၁၅တန်ခန့်တင်ပို့ ခဲ့ပါတယ်။မေတစ်လလုံး တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ၅၉ဒသမ ၀၉၄သန်းဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန် တန်ချိန် ၁၈၈၇၉၀ခန့်  တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံး  ဧပြီနဲ့နှိုင်းယှဉ်ပါက ဧပြီက အမေရိကန်ဒေါ်လာ ၂၆ဒသမ ၁၇၃ သန်း တန်ဖိုးရှိ ဆန်တန် ချိန် ၈၃၈၇၀ တင်ပို့ခဲ့တဲ့အတွက် မေလမှာ တန်ချိန် ၁၀၄၉၂၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
        ယခုတစ်ပတ်အတွင်း  အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁သန်း တန်ဖိုးရှိ ဆန်ကွဲ ၅၂၈၈ တန်တင်ပို့ခဲ့ပါတယ်။ ဆန်ကွဲကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၃၁၉၄ တန်ခန့်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၂၀၉၄ တန်ေ ကျာ် တင်ပို့ခဲ့ပါတယ်။ မေတစ်လလုံးမှာ  အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၁၈ သန်းတန်ဖိုးရှိဆန်ကွဲ ၂၃၃၁၁ တန်ကျော်တင်ပို့ပြီး အနီးစပ်ဆုံး ဧပြီက အမေရိကန်ဒေါ်လာ၂ ဒသမ၆၃၈သန်းတန်ဖိုးရှိဆန်ကွဲ ၁၁၃၉၃ တန် တင်ပို့ ခဲ့တဲ့အတွက် ယခုလဆန်ကွဲတင်ပို့မှုမှာ ၁၁၉၁၈ တန် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မေ ၂၈ ရက်မှ ဇွန် ၃ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ  ၁၁ ဒသမ ၀၉၁သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၃၉၁၁၅တန် တင်ပို့ ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန်၆၄၃၀၊ရုရှား နိုင်ငံသို့ ပေါင်းဆန်တန်ချိန် ၄၅၀ နဲ့ ဧည့်မထဆန် တန်ချိန် ၁၅၀၊ မက်ဒါဂါစကာနိုင်ငံသို့ ဧည့်မထဆန် ၆၂၅ တန်၊ အင်ဒိုရာနို င်ငံသို့ ဧည့်မထဆန် တန်ချိန်၂၅၀ ၊ တိုဂိုနိုင်ငံသို့ ဧည့်မထဆန် တန်၁၀၀၀၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် ၇၅၄၈ တန်၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၂၀၀၀၀၊ အီးယူ နိုင်ငံများသို့ ဧည့်မထဆန် ၂၅၆၄ တန်နဲ့ ပေါင်း ဆန်တန်ချိန်၅၀၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန် ၄၈တန်တင်ပို့ခဲ့ပါတယ်။
        မေတစ်လလုံးမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ၁၂၇သန်း တန်ဖိုးရှိ ဆန်၇၂၀၄၆ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဧပြီက အမေရိကန်ဒေါ်လာ ၈ ဒသမ၂၃၃သန်းတန်ဖိုးရှိ ဆန် ၂၇၁၂၂ တန် တင်ပို့ခဲ့တဲ့အတွက် မေမှာ ၄၄၉၂၄တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ဆန်ကွဲကို မေလအတွင်း အမေရိကန်ဒေါ်လာ၁၂ဒသမ ၉၄၁ သန်းတန်ဖိုးရှိ ၅၁၂၇၁တန် တင်ပို့ခဲ့ပြီး ဧပြီ လတင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ဧပြီက အမေရိကန်ဒေါ်လာ ၄ ဒသ မ ၇၀၈သန်း ဖိုးနဲ့ ၁၈၂၆၈ တန်  တင်ပို့ခဲ့တဲ့အတွက် မေလအတွင်းမှာ ဆန် ကွဲ ၃၃၀၀၃တန်ပိုမိုတင်ပို့ခဲ့ပါတယ်။မေလအတွင်းမှာ ကုန်သွယ်ရေးစခန်းနဲ့  ပင်လယ်ရေ ကြောင်းနည်းလမ်း နှစ်သွယ်စလုံးမှ ဆန်နဲ့ဆန်ကွဲကို အနီးစပ် ဆုံး ဧပြီလထက် ပိုမိုတင်ပို့နိုင်ကြောင်းသိရပါတယ်။

 

ယဉ်ယဉ်အေး