Main menu

Background

ပြည်ပဲစင်းငုံကို ရက်ခြားသာ ရန်ကုန်ဝယ်လက်အဝယ်ရှိ

Mon, 06/12/2017 - 10:33 -- journal_editor

     ပြည်ပဝယ်လက် ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ယခုနှစ်အတွင်း ဈေးအေးခဲ့တဲ့အတွက်  လှောင်လက်သမားများ အရှုံးပေါ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ လည်း တွက်ခြေမကိုက်သလောက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံသီးနှံသည်လည်း ယခုကာလတွင် ပဲအဝင်မရှိဘဲ လက်ကျန် ပဲများဖြင့်သာ ရောင်းချခဲ့ကြပြီး ရန်ကုန်ဝယ်လက် သာ အဝယ်ရှိခဲ့ပါတယ်။ သို့ သော်လည်း နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်း အဝယ်ဖြစ်ခဲ့ပြီးဝယ်လို အားရှိတဲ့ရက်မှာ အိတ် ၃၀၀ ကျော်ခန့်ရောင်းချခဲ့ရကြောင်း သိရပါတယ်။ ပဲဈေးမှာ တစ်တင်း နှစ်သောင်းအောက်ဖြင့်ဈေး ငြိမ်လျက်ရှိသလို မတ်ပဲဈေးထက်လည်း လျော့နည်းလျက်ရှိ ကြောင်းသိရပါတယ်။

 

ခင်ဆွေဝင်း