Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာပြီး ဈေးအကျဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်

Tue, 06/13/2017 - 13:32 -- journal_editor

      ပြီးခဲ့သည့်ရက်သတ္တပတ်များက ဈေးငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲ နှုန်းများသည် ယခုတစ်ပတ်တွင် ဈေးအနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း အမေရိက န်ဒေါ်လာနှင့် ဖလှယ်နှုန်းများ ကျဆင်းနေသဖြင့် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းနေရခြင်းဖြစ် ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ "ဒီတစ်ပတ်မှာ ငွေလဲနှုန်းက ပြီးခဲ့တဲ့တစ်ပတ်ကနဲ့ နှိုင်းယှဉ်ရင် နည်းနည်းကျ သွား တယ်။ ဈေးကျသွားပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းပါပဲ။ ကမ္ဘာ့ နိုင်ငံအသီးသီးမှာလည်း အမေရိကန်ဒေါ်လာနဲ့ဖလှယ်နှုန်းက ကျဆင်းသွားတဲ့ အတွက် ပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းရတာဖြစ်ပါတယ်"ဟု ဈေးကွက် အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
       ပြည်တွင်းငွေလဲစင်တာများတွင် ဇွန် ၅ ရက်က အမေရိကန် တစ်ဒေါ်လာ လျှင် ရောင်းဈေး ၁၃၅၃ ကျပ်၊ ဝယ်ဈေး ၁၃၅၀ ကျပ်ရှိခဲ့ပြီး ဇွန် ၇ ရက်တွင် ရောင်းဈေး ၁၃၄၇ ကျပ်၊ ဝယ်ဈေး ၁၃၅၁ ကျပ်ရှိခဲ့သည်။ ဇွန် ၉ ရက်တွင် ရောင်းဈေး ၁၃၅၂ ကျပ်၊ ဝယ်ဈေး ၁၃၄၉ ကျပ်ရှိခဲ့သည်။ပြည်တွင်းငွေလဲနှုန်းများ အနည်း ငယ်ကျဆင်းလာသော်လည်း ဈေးကွက်အတွင်း  အရောင်းအဝယ်ဖြစ်မှုမှာ ပုံမှန်အတိုင်းသာရှိကြောင်း သိရသည်။

 

မယ်သီတာ