Main menu

Background

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အနိမ့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

Tue, 06/13/2017 - 13:42 -- journal_editor

       ယခုတစ်ပတ်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာများအား အနိမ့်ဈေးဖြင့်ပင် အရောင်းအဝယ်ပြုလုပ်လျက်ရှိ ကြောင်း YSX ၏ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန် စတော့အိတ် ချိန်းတွင် အစုရှယ်ယာကုမ္ပဏီလေးခုက အရောင်းအဝယ်များ ပြုလုပ်လျက်ရှိရာ အစုရှယ် ယာလေးခုစလုံးပင် အကျဈေးဖြင့် ရောင်းဝယ်နေကြခြင်းဖြစ်သည်။ ယခုတစ်ပတ်အတွင်း အစုရှယ် ယာ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ကျပ် သန်းသုံးရာနီးပါးရှိခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
        ယခုတစ်ပတ်အတွင်း ရောင်းချလျက်ရှိသည့် အစုရှယ်ယာကုမ္ပဏီများ၏ဈေးနှုန်းများမှာ FMI ၏အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၅၅၀၀ဖြင့်လည်း ကောင်း၊ MTSH အစုရှယ်ယာတစ်စုလျှင် ကျပ် ၃၈၀၀ ဖြင့် လည်းကောင်း၊ MCB ၏ အစုရှယ်ယာဈေးနှုန်းမှာ ကျပ် ၉၂၀၀ ဖြင့်လည်းကောင်း၊ FPB ၏ အစုရှယ်ယာဈေးနှုန်းမှာ ကျပ် ၂၆၀၀၀ ဖြင့်လည်းကောင်း ရောင်းချ လျက်ရှိသည်။ ယခုအခါတွင်Myanmar Agro Exchange Public Limited (MAEX)  က အစုရှယ်ယာများ လွှဲပြောင်းနိုင်သည့် ကောင်တာကို ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖေ့စ်ဘုတ်နှင့် သတင်းစာတို့တွင် ကြေညာချက်များထုတ်ပြန်ခဲ့ သဖြင့် Yangon Stock Exchange Joint-Venture Company Limited. က သတိေ ပးချက်တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

 

မယ်သီတာ