Main menu

Background

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ပဲပြားထုတ်လုပ်သည့် ပင်ရင်း စက်ရုံများအား ရှောင်တခင် ဝင်ရောက်စစ်ဆေး

Mon, 06/26/2017 - 13:09 -- journal_editor

       မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီး အဆင့်မိတ်ဖက် အဖွဲ့အစည်းများပူးပေါင်း၍ ဇွန်လ ၁၉ ရက်တွင် မန္တလေး မြို့နှင့် အနီးတစ်ဝိုက်ရှိ ပဲပြားထုတ်လုပ်သည့် ပင်ရင်းစက်ရုံများအား ရှောင် တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ထိုကဲ့သို့ စစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ အမှိုက်စုတောင်ရပ်ရှိ ဦးပိုင်စိုး၏ K အမှတ်တံဆိပ် ပဲပြား ထုတ်လုပ်သော စက်ရုံသို့ လည်းကောင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန် ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာရှိ ဦးအောင်ဝင်း၏ A နှင့် T အမှတ်တံဆိပ် ပဲပြားစက်ရုံသို့လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် ညည ၉/၇၂ ၊ (င)ရပ်ကွက် ဗထူးလမ်းရှိ ဦးအိုက်ပီး(ခ) ဦးသိန်းမြင့် ၏ ပဲပြားထုတ်လုပ်သော စက်ရုံသို့လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေရÍ္စယျ ကျေးရွာအုပ်စု၊ ကံကွဲ ကျေးရွာရှိ ဦးထွန်းထွန်း၏ Y နှင့် T အမှတ်တံဆိပ်ပဲပြား ထုတ်လုပ်သော စက်ရုံသို့လည်းကောင်း၊ ပဲပြားများတွင် ဘေးဥပဒ်ြ ဖစ်စေသော ဖော်မလင် ထည့်သွင်းအသုံးပြုမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
        ပူးပေါင်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေး ရာတွင် ဦးပိုင်စိုး ထုတ်လုပ်သော K အမှတ်တံဆိပ် ပဲပြားနှင့် ဦးအိုက်ပီး(ခ)ဦးသိန်းမြင့် ထုတ်လုပ်သော ပဲပြားများတွင် ဖော်မလင် သုံးစွဲမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဦးအောင်ဝင်းထုတ်လုပ်သော A နှင့် T အမှတ်တံဆိပ် နှင့် ဦးထွန်းထွန်း ထုတ်လုပ်သော Y နှင့် T အမှတ်တံဆိပ်ပဲပြားများတွင် ဖော်မလင် အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။  ဖော်မလင် အ သုံးပြုကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ပဲပြားစက်ရုံများအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရမချင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းမပြုရန်အတွက် ရက်အကန့်အသတ်မရှိ လုပ်ငန်းရပ်ဆိုင်းထားရန် ပူးေ ပါင်းအဖွဲ့ဝင် မြို့တော်စည်ပင်သန့်ရှင်းရေးဌာနက အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

မျိုးထွန်း-စားသုံးသူ(မန္တလေး)