Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri အား လက်ခံတွေ့ဆုံ

Mon, 08/14/2017 - 13:17 -- journal_editor

      စီးပွားရေးးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri အား သြဂုတ် ၁၁ ရက်တွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီးရုံး၊ ဧည့်ခန်းမ(၁) ၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံမှ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ပဲစင်းငုံတင်သွင်းခြင်းဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တင်ပို့နေသည့် ပဲစင်းငုံများအပေါ် အကျုံးဝင်/မဝင် သိရှိလိုပါကြောင်း၊ မိမိတို့နိုင်ငံမှာ ပဲမျိုးစုံကို အဓိကတင်ပို့နေသည့်နိုင်ငံ ဖြစ်သကဲ့သို့ အိန္ဒိယနိုင်ငံသည်လည်း အဓိကတင်သွင်းနေသည့် နိုင်ငံဖြစ်ရာ နှစ်နိုင်ငံအကျိုးစီးပွားကို ရှေးရှု၍ စဉ်း စားပေးသွားစေလိုပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ- အိန္ဒိယ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်အရလည်း စဉ်းစားဆောင်ရွက်သွားစေလိုပါ ကြောင်းနှင့် နှစ်နို င်ငံအကြား ကုန်သွယ်မှုအလား အလာများ တိုးတက်လာစေရန် ဆောင်ရွက်သွားရမည့်အစီအမံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ သည်။
        အိန္ဒိယသံအမတ်ကြီးကလည်း မြန်မာနိုင်ငံမှ စိုက်ပျိုးသူ တောင်သူလယ်သမားများနှင့် အိန္ဒိယ နိုင်ငံမှ စားသုံးသူတို့အကြား နှစ်ဦးနှစ်ဖက် ရေရှည် အကျိုးဖြစ်ထွန်းစေမည့်  အစီအမံများကို ပူးပေါင်းဆောင်ရွက်သွားနိုင်ေ ရးနှင့် မြန်မာ- အိန္ဒိယနယ်စပ် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

MOC (IR)