Main menu

Background

တောင်ကြီးဈေးကွက် ကြက်သွန်ဖြူအဝင်နည်းလာ

Wed, 09/13/2017 - 12:38 -- journal_editor

 တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူလည်း အဝင်နည်းလာပါပြီ။ ပြန်စိုက် ပျိုးတော့မယ့် အချိန်ရောက် လာတာ ဖြစ်လို့တောင်သူတွေက မျိုးတွေသန့်တာရယ်၊ ပြန်စိုက်ဖို့ မြေပြုပြင်တာရယ်ကြောင့် လာရောက်ရောင်း ချတာ နည်း သွားလို့ တစ် ပတ်ကိုပိဿာချိန်တစ်သောင်းနှစ်သောင်းခန့်သာ အဝင်ရှိတော့တယ်လို့ သိရပါ တယ်။ ကြက်သွန်ဖြူကို သီတင်းကျွတ်မှာစစိုက်ပြီး တန်ဆောင်မုန်းမှာအပြီးစိုက်ပျိုး ကြပါတယ်။ အချို့တောင်သူတွေက တော့ စက်တင် ဘာလ လယ်ခန့်မှာစပြီး စိုက်ပျိုး ကြမှာလို့လည်းသိရပါတယ်။ တောင်ကြီးခရိုင်က စိုက်တဲ့ကြက်သွန်ဖြူတွေက မြန်မာ ပြည်အနှံ့စီးဆင်းပေမယ့် လွိုင်လင်ခရိုင်၊ လဲချား၊  မိုင်းပန်မြို့နယ်ကထွက်တဲ့ ခရမ်းစွဲ ကြက်သွန်ဖြူ ကတော့ ထိုင်းနိုင်ငံကိုသာ အဓိကတင်ပို့တယ်လို့ဆိုပါတယ်။ လဲချားစ၊ မိုင်းပန်စတွေ တောင်ကြီးဈေးကွက်ကို မဝင်တော့တာလည်း  ၂ နှစ်ရှိသွားပါပြီ။ ခရမ်းစွဲ ကြက်သွန်ဖြူမှာ မိုင်းပန်စနဲ့ လဲချားစဆိုပြီး ထပ်ခွဲထားပါသေးတယ်။ မိုင်းပန် မြို့နယ်ကထွက်တာရယ်၊ လဲချားမြို့နယ်က ထွက်တာရယ်ကြောင့် မြို့နာမည်နဲ့တွဲပြီး ခေါ်တဲ့ ခရမ်းစွဲ ကြက်သွန်ဖြူတွေက တာချီလိတ်မှတစ်ဆင့်  ထိုင်းကိုသွားပါတယ်။ မိုင်းပန်စက အရည်အသွေးကောင်းလို့ ဈေးပိုရ ပါ တယ်။ဒီတစ်ပတ်ကြက်သွန်ဖြူတစ်ပိဿာဈေးနှုန်းတွေကတော့  (လတ်ခြား) ကျပ် ၁၇၅၀၊ (ထူး-၁)-ကျပ် ၁၈၅၀၊ (ထူး-၂) ကျပ် ၂၁၅၀၊ (ထူး-၃) ကျပ် ၂၄၅၀၊ (ထူး-၄)ကျပ် ၂၈၅၀ ရှိပြီး ခရမ်းစွဲကြက်သွန်ဖြူကတော့ လဲချားစကကျပ်  ၄၀၀၀ ၊ မိုင်းပန် စက ကျပ် ၄၁၀၀ ဈေးရှိပါတယ်။                                                         

ဧဧခိုင်(တောင်ကြီး)