Main menu

Background

ပြည်ကုလားပဲကို ခွဲစက်သမားများက ဝယ်ယူမှုရှိသလို မျိုးပဲအတွက်လည်း တောင်သူများက အဝယ်ရှိလာ

Mon, 09/25/2017 - 12:39 -- journal_editor

        ပြည်ပဲမျိုးစုံဈေးကွက်အတွင်း စက်တင်ဘာတတိယပတ်တွင် ပြည်တွင်းဝယ်လက်ပဲများအနက် ကုလားပဲသီးနှံသည် ဈေး လည်းကောင်း၊ အရောင်းအဝယ်လည်းသွက်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။  ဝယ်လက်အနေဖြင့် ခွဲစက်များက အဓိကထား ဝယ်ယူလျက်ရှိသလို တစ်ခါတစ်ရံတောင်သူများက မျိုးပဲအတွက် ဝယ်ယူခဲ့တာကိုလည်း တွေ့ရပါတယ်။ ပဲဈေးမှာတော့ တစ်တင်း ကျပ် ၄၇၀၀၀ဖြင့် ဈေးအမြင့်အတိုင်းရှိနေခဲ့ပါတယ်။ ကုလားပဲသီးနှံဟာ ယခင်နှစ်ကတည်းက ဈေးကောင်းခဲ့လို့ မတ်ပဲနှင့် ဈေး အပြိုင်ရလျက်ရှိခဲ့ပြီး ယခုနှစ်မှာလည်း ဈေးကောင်းဆက်ရခဲ့လို့ ပြည်ပဝယ်လက်ပဲတွေထက်ပင် ဈေးအမြင့်နဲ့ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။                                
ခင်ဆွေဝင်း