Main menu

Background

YPSတင်ဒါအတွက် နိုင်ငံတကာကုမ္ပဏီကြီးများအပြင် SME ကုမ္ပဏီများကိုပါ ဖိတ်ခေါ်

Mon, 09/25/2017 - 12:44 -- journal_editor

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့်YBSဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် ငွေပေးချေနိုင်မည့့်Yangon Payment System  တင်ဒါအတွက် နိုင်ငံတကာ ကုမ္ပဏီကြီးများသာမက အသေးစားအလတ်စား ကုမ္ပဏီများကိုပါ ဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
Yangon Payment System  တင်ဒါအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများနှင့် အစည်းအဝေးကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နည်းပညာပိုင်းနှင့်စပ်လျဉ်း၍ စိတ်ဝင် တစား ဆွေးနွေးခြင်းများရှိခဲ့ကြောင်း သိရသည်။
''ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင်Back Up System ကြီးတစ်ခု ရှိထား ပြီးလို့ လာရောက်ပူးပေါင်းကြတဲ့ လူတွေထဲမှာ တကယ့်နိုင်ငံတကာကုမ္ပဏီကြီးတွေ ကလည်း သူတို့မှာ အကုန်လုံး အစအဆုံးလုပ်ထားတာနဲ့ဝင်ချင်ပါတယ်ဆိုပြီး အကြောင်းကြားတာတွေ တအားဝင်လာပါတယ်။ ဝင်လာတဲ့အခါကျတော့ ကျွန်မတို့ တင်ဒါကော်မတီက ဝန်ကြီးချုပ်ဆီ တင်ပြပါတယ်။ ဝန်ကြီးချုပ်ရဲ့ မူဝါဒကလည်းAll Inclusive ပေါ့။ ရှိသမျှ စီးပွားရေးလုပ်ငန်းရှင်အားလုံး၊ နိုင်ငံတကာ စီးပွား ရေးလုပ်ငန်းရှင်ရော၊ ပြည်တွင်း အလယ်အလတ်စီးပွားရေးလုပ်ငန်းရှင်ရော ဝင်လို့ ရတဲ့ Model မျိုးကို ဝန်ကြီးချုပ်က ဖြစ်စေချင်တယ်။ အားလုံးပူးပေါင်းကြစေချင် တယ်။ အဲဒါကြောင့်မို့EOI  ကို နှစ်ပတ်နောက်ဆုတ်လိုက်ပြီးတော့ တတိယအကြိမ် ထပ်ခေါ်တာဖြစ်ပါတယ်။ တကယ့်နိုင်ငံတကာကကုမ္ပဏီတွေComplete Solution  နဲ့ လာရောက်ယှဉ်ပြိုင်လိုတယ်ဆိုလည်း ကြိုဆိုတယ်။ ရန်ကုန်တိုင်းဒေသကြီး  အစိုးရပိုင်စနစ်မှာကိုမှ လာပြီးတော့ ချိတ်ဆက်လုပ်ဆောင်မယ့် အသေးစား အလတ်စား ကုမ္ပဏီသေးသေးလေးတွေအတွက်လည်း ကြိုဆိုတယ်ဆိုတဲ့ဟာကို ဒီနေ့ရှင်းပြတာဖြစ်ပါတယ်။Business Model  နည်းနည်းပြောင်းသွားတာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်း သဉ္ဇာမျိုးက စက်တင်ဘာ ၁၉ရက်က  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် တတိယအကြိမ် Yangon Payment System နှင့် ပတ်သက်သည့် ကုမ္ပဏီများနှင့် ဆွေးနွေးပွဲတွင်ပြောကြားသည်။
Yangon Payment System တင်ဒါ(ပထမအဆင့်)အဆိုပြုလွှာများကို  စက် တင်ဘာ ၂၉ ရက်နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။