Main menu

Background

ခရမ်းချဉ်သီးစိုက် တောင်သူများ ဈေးကောင်းရရှိ

Mon, 09/25/2017 - 13:43 -- journal_editor

      ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ် အညာကျေးလက်ဒေသများတွင် မြေယာစိုက်ပျိုးရေး လုပ်ငန်းများဖြင့် တွဲဖက်ကာ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေရအောင် ပင်ထောင်ခရမ်းချဉ်သီး များ စိုက်ပျိုးသည့်တောင်သူများ ယခု နှစ်တွင် ဈေးကောင်းရရှိနေပါတယ်။ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ မှ ၁၃၀၀ ကျော်ခန့်ဖြင့် နေ့စဉ်ရောင်းချနေ ရသဖြင့် စိုက်ပျိုးရောင်းချသူများ အဆင် ပြေလျက်ရှိကြောင်း တောင်သူများထံမှ သိရပါတယ်။ စိုက်ပျိုးရာသီက မိုးဦးနဲ့ မိုးနှောင်းကာလတွေမှာ စိုက်ပျိုးပါတယ်။ မိုးဦးမိုးနဲ့ စိုက်ပျိုးတဲ့ခရမ်းချဉ်သီးကတော့ မိုးရွာသွန်းမှုများလျှင် အပျက်အစီးများ ပါတယ်။ မိုးနှောင်းကာလမှာ စိုက်ပျိုးတဲ့ ခရမ်းချဉ်သီးကတော့ ထိခိုက်ပျက်စီးမှု နည်းပါတယ်။ ယခုနှစ် ခရမ်းချဉ်သီးစိုက်ပျိုး တဲ့ တောင်သူများအနေဖြင့် ဆွတ်ခူး ရောင်းချစဉ်မှာပင် ဈေးကောင်းရရှိနေ ပါတယ်။ လွယ်ကူစွာ ချက်ပြုတ်စား သောက်လို့ရတဲ့ စားသောက်ဖွယ်ရာ ဟင်းလျာတစ်မျိုးဖြစ်တာကြောင့် ဝယ် ယူစားသုံးမှုများလို့ လက်လီလည်း ရောင်း ကောင်းပါတယ်။ ဒါကြောင့် ဒီနှစ် ခရမ်း ချဉ်သီးစိုက်ပျိုးရောင်းချတဲ့ တောင်သူ များနေ့စဉ် မိသားစုအပိုဝင်ငွေရရှိလို့ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။

မိုးမိုးမြင့်(ယင်းမာပင်)