Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်ကျဆင်းလာ

Fri, 10/13/2017 - 12:45 -- journal_editor

       ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်အနည်းငယ် ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုတစ်ပတ်တွင် သီတင်းကျွတ် ကာလပိတ်ရက် များကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက် အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
       "ဒီတစ်ပတ်ထဲမှာ သီတင်းကျွတ်ပိတ်ရက် ရှည်နေတဲ့အတွက် ဈေးကွက်က ထင်သလောက် အရောင်းအဝယ်မဖြစ်ဘူး။ ခရီးသွားကြတဲ့သူတွေများတာကြောင့် ဈေးကွက်မှာအရောင်းအဝယ်အေးသလို ဈေးလည်းကျဆင်း လာတယ်"ဟု ဈေး ကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးကပြောကြားခဲ့သည်။ ပြည်တွင်းငွေလဲစင်တာများတွင် အောက်တိုဘာ ၂ ရက်က ရောင်းဈေး ကျပ် ၁၃၅၀၊ ဝယ်ဈေး ၁၃၄၉ ကျပ်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက် တွင် ရောင်းဈေး ၁၃၄၉ ကျပ်၊ ဝယ်ဈေး ၁၃၄၇ ကျပ်သို့ ကျဆင်းခဲ့သည်။ ပြင်ပငွေဈေးကွက်တွင် ဈေးများ ကျဆင်းနေသော်လည်း ဗဟိုဘဏ်ကမူ ၎င်း၏ရည်ညွှန်းငွေလဲနှုန်းကို ကျပ် ၁၃၆၀ ဟုသာ အပြောင်းအလဲမရှိဘဲ ဆက် လက်သတ်မှတ်ခဲ့သည်။

 

မယ်သီတာ