Main menu

Background

မုံရွာကြက်သွန်နီ ဈေးကွက်တွင် ဈေးကျဆင်းလာ

Thu, 11/16/2017 - 15:28 -- journal_editor

       မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ယခုတစ်ပတ် ကြက်သွန်နီ ဈေးကွက်မှာ ဈေးအနည်းငယ် ကျဆင်းလာတာသိရပါတယ်။ ပွဲရုံသို့ ကြက်သွန်နီ ပိဿာချိန် ၅၀၀၀ မှ ၆၀၀၀ ခန့်အဝင်ရှိပြီး  အရောင်းအဝယ် အနည်းငယ်အေးလျက် ရှိကြောင်းသိရပါတယ်။    ကြက်သွန်နီဈေးကွက်အနေနဲ့   မုံရွာပွဲရုံများမှ ရန်ကုန်၊င့် ချင်းတွင်းမြစ်ကမ်း တစ်လျှောက် ရှိမြို့များသို့ တင်ပို့ရောင်းဝယ် လျက်ရှိကာ ဈေးမြင့်လို့ အနည်းငယ်အရောင်း အဝယ်အေးနေကြောင်းသိရပါ တယ်။ယခုတစ်ပတ်ပွဲရုံများတွင် ကြက်သွန်နီတစ်ပိဿာလက်ကားပေါက်ဈေးနှုန်းမှာ(ကြီး)ကျပ်၂၃၀၀၊ (လတ်)ကျပ် ၂၂၀၀၊ (သေး)၂၁၀၀နှုန်းပေါက်လျက်ရှိပြီး လက်လီတစ်ပိဿာပေါက်ေ ဈးနှုန်းမှာ (ကြီး) ကျပ် ၂၅၀၀၊ (လတ်) ကျပ် ၂၄၀၀၊ (သေး)ကျပ်၂၂၀၀နှုန်းနဲ့ ရောင်းဝယ်လျက်ရှိပြီး ယခင်တစ်ပတ်  လက်ကားပေါက် ဈေးနှုန်းမှာ (ကြီး) ကျပ်၂၅၀၀၊ (လတ်) ကျပ် ၂၄၀၀၊ (သေး) ၂၃၀၀နှုန်းပေါက်လျက်ရှိပြီး လက်လီ တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ(ကြီး)ကျပ် ၂၇၀၀၊ (လတ်) ကျပ် ၂၅၀၀၊ (သေး) ကျပ် ၂၄၀၀နှုန်းပေါက်လို့  ယခုတစ်ပတ်ပေါက်ဈေးနှုန်းမှာ  ပျမ်းမျှတစ်ပိဿာ လျှင် ကျပ် ၂၀၀ခန့်ကျဆင်းသွားကြောင်းတွေ့ရပါတယ်။
မုံရွာကြက်သွန်ဖြူဈေးကွက်မှာ ဈေးအတက်အကျအနည်းငယ်သာရှိပြီး အရောင်းအဝယ်ကတော့  အသွက်ကြီးမဟုတ်ဘဲ ပုံမှန်လေးသာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ပွဲရုံသို့ နေ့စဉ် ကြက်သွန်ဖြူပိဿာ ၈၀၀ ခန့်အဝင် ရှိပြီး ယခုတစ်ပတ်ပေါက်ဈေးနှုန်းက ယခင်တစ်ပတ်ပေါက်ဈေးနှုန်းထက်   အနည်း ငယ်မြင့်လျက်ရှိကာ အရောင်းအဝယ်လည်း ပုံမှန်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူတစ်ပိဿာ ပွဲရုံပေါက်ဈေးနှုန်းမှာ (ဗမာ)  ကျပ် ၄၀၀၀၊ (ရှမ်း) ကျပ် ၃၀၀၀၊ (ကြူကုတ်)ကျပ် ၂၂၀၀နှုန်းဖြစ်ပြီး လက်လီပေါက်ဈးနှုန်းမှာ(ဗမာ) ကျပ်၄၅၀၀၊(ရှမ်း)ကျပ်၃၅၀၀၊(ကြူကုတ်)ကျပ်၂၆၀၀နှုန်းပေါက်လျက်ရှိပြီး အရောင်း အဝယ်လည်း ပုံမှန်ဖြစ်လျက်ရှိကြောင်း မုံရွာကြက်သွန်နီပွဲရုံမှသိရပါတယ်။
ကြည်ကြည်နွယ် ( မုံရွာ )