
မုံရွာကုန်စည်ဒိုင်ဈေးကွက် နိုဝင်ဘာလ ဒုတိယပတ်ပဲ ဈေးကွက်မှာ ပဲမျိုးစုံဆက်လက်ဈေးအေးနေပေမယ့် မြေပဲလုံး ဆန်ကတော့ ဆက်လက်ဈေးမာနေတာ တွေ့ရပါတယ်။ မြေပဲ အရည်အသွေးပေါ်မူတည်၍ ဈေး အနည်းငယ် ကွာခြားပြီး တောင်နယ်လို့ခေါ်တဲ့ မြင်းမူဘက်ကလာတဲ့မြေပဲကတော့အရည်အသွေး ကောင်း မွန်ပြီး အခြားဒေသထွက်မြေပဲတွေ ထက်ဈေးပိုရခဲ့ကာ တစ်ပိဿာကျပ် ၃၀၀ နီးပါးထိ ကွာခြားမှု ရှိတယ်လို့ ကုန်သည်ရပ်ကွက်မှသိရှိရပါတယ်။ယခုတစ်ပတ်မှာ မြေပဲလုံးဆန်နီတစ်ပိဿာလျှင် အဟောင်းကျပ် ၂၂၀၀နှင့် အသစ်ကျပ် ၂၃၀၀၊ လုံးဆန်ဖြူ ကတော့ တစ်ပိဿာအဟောင်း ကျပ် ၂၂၅၀ နှင့် အသစ် ကျပ် ၂၅၅၀အထိ ဈေးမာလာခဲ့ပြီး ဒေသတွင်းလုပ်ငန်းသုံးဝယ် လက်နှင့် မန်းဝယ်လက်ရှိတာကြောင့် တစ်ရက်အိတ် ၁၀၀၀ခန့်ထိအရောင်းအဝယ်ဖြစ် တယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်မှ သိရှိရပါတယ်။ယခုတစ်ပတ်ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲေ ဈး အနည်းငယ်အေးခဲ့ရာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်ကျပ် ၄၀၃၀၀၊ ၉၂၉ တစ်တင်းလျှင် ကျပ် ၃၈၀၀၀နှင့်ထိုင်ဝမ် တစ် တင်းလျှင်ကျပ် ၃၉၀၀၀ဖြင့် အသီးသီးဈေးဖြစ်ပေါ်ခဲ့ပြီး တစ် ရက်အိတ်၅၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရှိရပါ တယ်။ မတ်ပဲဈေးကွက်မှာတော့ တစ်တင်းလျှင်ကျပ် ၁၆၅၀၀ ဖြင့်အရောင်းအဝယ်မဖြစ်သလောက် အရောင်းအဝယ်ကျခဲ့ တယ်လို့သိရှိရပါ တယ်။ ပဲစင်းငုံဈေးကွက်မှာတစ်တင်းလျှင် ကျပ် ၁၀၆၀၀ အမြင့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်အိတ် ၅၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ကုန်သည်ရပ် ကွက်မှ သိရှိရပါတယ်။ယခုတစ်ပတ် ပဲတီစိမ်းသီးနှံမှာစိမ်းကြီး တစ်တင်းလျှင် ကျပ်၂၅၀၀၀၊ စိမ်းသေးတစ်တင်း ကျပ်၂၃၀၀၀မှ ကျပ်၂၅၀၀၀ ဖြင့်ဆက်လက် ဈေးငြိမ်နေပြီး တစ်ရက်လျှင် အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။အခြားပဲမျိုးစုံဈေးကွက်မှာပြည်တွင်းသုံးလက်လီပဲများဈေးဆက်လက ်မာ နေပြီး မြေထောက်ပဲ တစ်တင်းလျှင်ကျပ် ၄၅၀၀၀၊ ပုဂံပဲတစ်တင်းလျှင်ကျပ် ၄၅၀၀၀ ၊ စွန်တာနီတစ် တင်းကျပ် ၄၀၀၀၀၊ ထောပတ်တစ်တင်းကျပ် ၃၆၀၀၀၊ ပဲကြီး တစ်တင်းကျပ် ၆၈၀၀၀ မှ ကျပ် ၇၀၀၀၀၊ ပဲနီလုံးကြား တစ် တင်းကျပ်၄၄၅၀၀၊ပဲပုပ်စေ့တစ်တင်းကျပ် ၄၁၅၀၀၊ ပဲလွန်းပြာ တစ်တင်းကျပ် ၃၁၀၀၀ ဖြင့် အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ်ရက်အိတ် ၁၀၀ မှ ၂၀၀ကြား ပုံမှန်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်မှသိရှိရပါတယ်။
လင်းလင်းသန့်