Main menu

Background

ဟောင်ကောင် ကုန်သွယ်မှု ဖွံ့ဖြိုးရေးကောင်စီနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Wed, 03/07/2018 - 15:41 -- journal_editor

     ဟောင်ကောင် ကုန်သွယ်မှုဖွံ့ဖြိုးရေးကောင်စီ (HKTDC) မှ Deputy Executive Director ဖြစ်သူ Mr. Benjamin Chau  နှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (Myantrade) မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်ရှိ Asia World Expo, Pearl Island Hall- 1 ၌ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာသည်၂၀၁၅ ခုနှစ်တွင် ရေး ထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) အား သက်တမ်း တိုးမြှင့် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်၊ ကုန်သွယ် မှုမြှင့်တင်ရေး လုပ်ငန်းများ တိုးမြှင့်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးလုပ်ငန်းများ တည်ထောင်မှုကို အားကောင်းလာစေရန်ရည်ရွယ်၍  နားလည်မှုစာချွန်လွှာ (MOU) အား သက်တမ်းတိုးလက်မှတ် ရေးထိုးခဲ့ကြြ ခင်းဖြစ်သည်။
     နားလည်မှုစာချွန်လွှာအရ အထည်ချုပ်လုပ်ငန်း၊ ဖက်ရှင် အသုံး အဆောင်လုပ်ငန်းများ၊ ICT၊ လက်ဝတ်ရတနာ၊ အစားအသောက်နှင့် လယ် ယာစိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ လက်မှု အနုပညာများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ကလေးကစားစရာများ၊ ဂိမ်းများနှင့် ပရိဘောဂများစသည့်လုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ကုန်စည်ပြပွဲများ၊ ပုံနှိပ်ထုတ်ဝေခြင်းများ၊ မိုဘိုင်းလ်အသုံး အဆောင်ပစ္စည်း များ၊ Mobile Platforms စသည့်ကဏ္ဍများတွင် အားပေး မြှင့်တင်ရန်အဓိကထား ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။ MOU သက်တမ်းကာလအတွင်း မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၁၀၀ ဦးအား ၁၂ လကြာ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုမြှင့်တင်ရန် HKTDC မှ ဆောင် ရွက်ပေးသွားမည်ဖြစ်ပါသည်။

 

လင်းလင်းထွန်း (TD)