မတ်လ တတိယပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ဆောင်းပဲသီးနှံမျိုးစုံဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာမတ်ပဲ၊ ပဲကြီးနှင့်ကုလားပဲသီးနှံများမှာ အရောင်းအဝယ်အသွက် ဆုံးဖြစ်ခဲ့ပြီးပဲတီစိမ်းသီးနှံမှာရက်ခြား သာရောင်းဝယ် မှုဖြစ်ခဲ့ကြောင်း သိရပါသည်။ ပဲစင်းငုံသီးနှံကတော့ ပြည်အနီးတစ်ဝိုက်နယ်စုံ မှဝင်ရောက်ခဲ့ပြီး အိတ်၂၀၀ကျော် နေ့စဉ် အဝင်ရှိကာ ရန်ကုန် ဝယ်လက်နေ့စဉ်အဝယ်ရှိလို့ အိတ်၂၀၀မှ၃၀၀ထိရောင်းချမှုရှိခဲ့တယ်လို့သိရပါတယ်။ ဈေးနှုန်းမှာ တစ်တင်း ကျပ် ၁၁၀၀၀ ဖြင့် ဈေးငြိမ်နေခဲ့လို့ ပဲဈေးကွက်အတွင်း မှာလည်း ဈေးအနိမ့်ဆုံးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ သီးနှံဖြစ်ခဲ့ပါ တယ်။မတ်ပဲသီးနှံကတော့ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်နှင့် ကျီးသဲမြို့နယ်များမှ နေ့စဉ် ဝင်ရောက်လျက်ရှိကာ တစ်ရက်အိတ် ၅၀၀ ကျော် အဝင်များခဲ့ ပါတယ်။ ရန်ကုန်ဝယ်လက်မှ နေ့စဉ် ဝယ် ယူလျက်ရှိလို့ ဝင်လာ သမျှ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲဈေးမှာ တစ်တင်း ကျပ် ၁၆၁၀၀ ဖြင့် ဈေးအတက် အ ကျ မဖြစ်ဘဲ ဈေးငြိမ်လျက်ရှိခဲ့ပါ တယ်။ မတ်ပဲသီးနှံမှာ ယခုနှစ်အတွင်း ပဲဈေးနှုန်း မကောင်းခဲ့ သလို အချို့ ဒေ သ များမှာ ပဲအထွက်နှုန်းလည်း လျော့ခဲ့လို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများတွက်ခြေကိုက်မှု မရှိပေ မယ့် တချို့ တောင်သူတွေကတော့ ပဲအထွက်နှုန်းကောင်းခဲ့ တာကြောင့် ဈေးမကောင်းသော်လည်း အရှုံးတော့ မရှိ ကြဘူး လို့သိရပါတယ်။ငွေလို၍ထုတ်ရောင်းသူများရှိသလို လက် ဝယ် ဆက်လက်သိုလှောင်ထားသည့် တောင် သူများလည်းရှိ သည့်အတွက် ထွက်ရှိသမျှ ပဲသီးနှံအားလုံးတော့ ဈေးကွက်သို့ ဝင်ရောက်ခြင်းမရှိဘူးလို့ သိရပါ တယ်။ သို့သော်လည်း ပဲဈေး ကွက်တွင်း ပဲဟောင်းလက်ကျန်ရော ပဲသစ်များပါရှိနေတဲ့ အတွက် ဝယ်လို အား ရှိ သလောက် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ပဲတီစိမ်းသီးနှံမှာပဲအဝင်နည်းသွားပေမယ့်တစ်ရက်အိတ်၁၅၀ကျော်ဝင်ရောက်ခဲ့ပြီးဝယ်လိုအားအနေဖြင့်နေ့စဉ် မဖြစ်တော့ဘဲ ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လးလိုင်းသမားများအနေဖြင့် ပဲအဝင်နည်းလို့ ရက်ခြား သာ ဝယ်ယူနေခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်း ကျပ် ၂၅၅၀၀ ဖြင့် ဈေးငြိမ်နေပေမယ့် မတ်ပဲနှင့် ပဲစင်းငုံ သီးနှံတို့ထက်ဈေးမြင့်နေခဲ့တာကိုတွေ့ရပါတယ်။ယခုနှစ်မှာမတ်ပဲနှင့်ပဲစင်းငုံသီးနှံများပဲသစ်မပေါ်ခင်ကတည်းက ဈေးအေးခဲ့ပြီး ပဲသစ်ပေါ်ချိန်မှာလည်း ဈေးဆက်အေးခဲ့တာကြောင့်အဆိုပါပဲသီးနှံများထဲတွင်ပဲတီစိမ်းသီးနှံသာ ဈေးကောင်း ခဲ့တာကို တွေ့ရပါတယ်။ပဲကြီးသီးနှံမှာတော့ ယခုတစ်ပတ်အတွင်း ဝင်ရောက် မှုများလာသလို လှောင်သမားနှင့် ပဲကြော်ဖိုသမားများ အဓိက ထား ဝယ်ယူလျက်ရှိတာကြောင့် အရောင်းအဝယ်သွက်တဲ့ သီးနှံဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၇၀၀ မှ ၈၀၀ အထိ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှ ပြည်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက် လို့ ယခုကာလသည် ပဲအထွက်ဆုံးချိန်ဖြစ်ခဲ့တဲ့အတွက် ဈေး ကွက်မှာ အခြားပဲများထက် အဝင်ပိုများသလို အရောင်း အဝယ် အသွက်ဆုံးဖြစ်ပြီး ဈေးလည်း အမြင့်ဆုံးရလျက်ရှိ ပါတယ်။ ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်း ကျပ် ၃၈၀၀၀၊ (ကမ်းနား)တစ်တင်း ကျပ် ၃၆၀၀၀ ဖြင့် ယခင်တစ် ပတ်ထက် ဈေးအနည်းငယ် ပိုရလာတယ်လို့လည်း သိရပါတယ်။စားတော်ပဲနှင့် ပဲပုပ်သီးနှံများမှာ ပဲအဝင်အနေဖြင့် စားတော်ပဲသီးနှံမှာ အိတ် ၁၀၀ ခန့်ဝင်ရောက်ပြီး ပဲပုပ် သီးနှံ များမှာ ပဲအဝင်မရှိဘဲ လက်ကျန် ပဲများဖြင့်သာ ရောင်းဝယ် နေခဲ့ကြတာကို တွေ့ရပါတယ်။ လက်လီသာ အရောင်းအဝယ် ဖြစ်ခဲ့ကြလို့ စားတော်ပဲတစ်တင်း ကျပ် ၃၄၅၀၀ ၊ ပဲပုပ် တစ်တင်း ကျပ် ၂၄၅၀၀ တို့ဖြင့် ဈေးအတက်အကျမဖြစ်ဘဲ ဈေးငြိမ်လျက်ရှိကြောင်းသိရပါတယ်။
ခင်ဆွေဝင်း