Main menu

Background

တရုတ်နိုင်ငံသို့ ကြက်သွန်နီ ပိုမိုတင်ပို့

Fri, 03/30/2018 - 12:38 -- journal_editor

    မတ် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုညဒသမ ၄၁၀သန်းတန်ဖိုးရှိ ကြက်သွန်နီ ၉၃၃ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်ကတင်ပို့ ခဲ့တဲ့ တန် ၅၁၀ နဲ့ နှိုင်းယှဉ်ပါက ၄၂၃ တန် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ထိုင်းနိုင်ငံသို့ ကြက်သွန်နီ တင်ပို့မှု မရှိဘဲ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၀၀၈ တန်ဖိုးရှိ ကြက်သွန်ဖြူနှစ်တန်ကို အိန္ဒိယ နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ယခင်နှစ်က ကြက်သွန်တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် ၃၅၀ ဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ် ကျပ် ၇၀၀ကျော်အထိ  ဈေးရနေ ပေမယ့် ပျိုးထောင်စဉ်အချိန်က ကြက်သွန်ပျိုးခင်းတွေ ပိုးကျခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ စိုက်ပျိုးချိန်တွင် ကြက်သွန်မျိုးများ  ဈေးကြီးပေးဝယ်ခဲ့ရကြောင်း၊ စရိတ်စက ကြီးမားခဲ့လို့ တွက်ခြေကိုက်မှုနည်းပါးကြောင်း သရက်၊ အောင်လံမှ ကြက်သွန်စိုက်တောင်သူတွေထံမှ သတင်းရရှိပါတယ်။

 

 မော်မော်အောင်