Main menu

Background

ဆန်ရော ဆန်ကွဲပါ ပိုမိုတင်ပို့

Tue, 10/30/2018 - 13:02 -- journal_editor

    အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် တန်ချိန် ၆၃၉၀ ခန့်တင်ပို့ ခဲ့ကြောင်း သိရပါ တယ်။မူဆယ်(၁၀၅)မိုင်   ကုန်သွယ်ရေးဇုန်မှ တင်ပို့မှုမှာ ဧည့်မထဆန် တန်ချိန် ၅၈၂၀ကျော်နဲ့ ကောက်ညှင်းဆန် တန်ချိန် ၁၀ဝ၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဧည့်မထ ဆန် ၁၆၇  တန်နဲ့ ငစိန်ဆန် တန် ချိန် ၃၀ဝ၊ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ဧည့်မထဆန် ၂ တန်ကျော်   တင်ပို့ခဲ့တာဖြစ် ကြောင်းနဲ့ ယခုတစ်ပတ်မှာ  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဆန်တင်ပို့မှုမရှိကြောင်းသိရပါတယ်။  နယ်စပ်စခန်းများမှ ယခုတစ်ပတ်   ဆန်တင်ပို့မှုမှာ ယခင်တစ်ပတ်ထက် ၂၅၂၄ တန် ပိုမိုကြောင်းသိရပါတယ်။
    ယခုတစ်ပတ်မှာ မူဆယ်(၁၀၅)မိုင်မှ   အမေရိကန် ဒေါ်လာ သုညဒသမ ၂၂၉ သန်း တန်ဖိုးရှိ ဆန်ကွဲ ၇၄၄ တန် တင်ပို့ခဲ့ပြီး လွယ်ဂျယ်စခန်းမှ တင်ပို့မှု မရှိတာတွေ့ရပါတယ်။အောက်တိုဘာ ၇ ရက် မှ ၁၃ ရက်အထိ သီတင်း ပတ် အတွင်း   ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်းတန်ဖိုးရှိ ဧည့်မထဆန်၊ ငစိန် ဆန်နဲ့ ပေါင်းဆန် ၂၇၉၅၃ တန် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ တရုတ်နိုင် ငံသို့ ငစိန်ဆန် ၇၈ တန်နဲ့ စင်ကာပူနိုင်ငံသို့ တန်ချိန် ၅၀ ၊ အာဖရိကနိုင်ငံများ ဖြစ်တဲ့ ဂါနာနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၂၀ဝဝဝ ၊ တိုဂို နိုင်ငံသို့ တန်ချိန် ၅၀ဝဝ၊  မက်ဒါဂါစကားနိုင်ငံသို့ တန်ချိန် ၂၅၀ တင်ပို့ခဲ့ပြီး အီးယူနိုင်ငံ များသို့ ဧည့်မထဆန်နဲ့ ပေါင်းဆန် ၂၅၇၅ တန် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၀၂၈၄ တန်   ပိုမိုတင်ပို့ခဲ့ကြောင်း သိရပါတယ်။
    ပင်လယ်ရေကြောင်းမှ    ယခုတစ်ပတ်မှာ ဗီယက်နမ် နိုင်ငံသို့ ဆန်ကွဲ ၁၂၅ တန်၊ စင်္ကာပူနိုင်ငံသို့ တန်ချိန် ၁၀ဝ၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၁၅၀ဝ၊ အီးယူနိုင်ငံများသို့ တန်ချိန် ၂၅၅၀ နဲ့ စုစုပေါင်း ဆန်ကွဲ ၄၂၇၅ တန်၊    တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၉ သန်းဖိုး တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်တင်ပို့မှုနဲ့  နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ဆန်ကွဲ တန်ချိန် ၂၅၀ဝ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ယခုတစ်ပတ် ဆန်နဲ့ ဆန်ကွဲတင်ပို့မှုမှာ  ယခင်တစ်ပတ် တင်ပို့မှုထက် ပိုမိုတင်ပို့နိုင်ပြီး ပင်လယ်ရေကြောင်းမှ အာဖရိ က နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ ကြောင်း သိရှိရပါတယ်။                      

   ယဉ်ယဉ်အေး