Main menu

Background

ဧရာဝတီတိုင်းဒေသကြီးတွင် ဒေါ်လာ ၁ ဒသမ ၂၇ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခုခွင့်ပြု

Thu, 05/02/2019 - 14:40 -- journal_editor

       ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရ အဖွဲ့ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/ ၂၀၁၉) အစည်းအဝေးမှ ရင်းနှီးမြုှပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ၂၇ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခု ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
         ဆန်စပါးအခြေခံတန်ဖိုးမြှင့် ဆန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ယာဉ် ရပ်နားစခန်း တည်ဆောက်ခြင်းနှင့် စီး ပွားရေး အဆောက်အဦးများ ဆောက် လုပ်ငှားရမ်းခြင်းလုပ်ငန်း၊ CMP စနစ် ဖြင့် Home Textiles ချုပ်လုပ်ခြင်း လုပ်ငန်း၊ တန်ဖိုးနည်းအပန်းဖြေအိမ်ရာ ဆောက်လုပ် ငှားရမ်းခြင်းလုပ်ငန်းနှင့် စပါးပျိုးထောင်ခြင်းနှင့် ကောက်စိုက် စက်ဖြင့် စိုက်ပျိုးပေးခြင်း ဝန်ဆောင် မှုလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြပွဲများကို ကျင်းပလျက်ရှိရာ ဧရာဝတီတိုင်းဒေသ ကြီး ငွေဆောင်ဟိုတယ်ဇုန်တွင် ရင်းနှီး မြှုပ်နှံမှုပြပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် ကျင်းပခဲ့သည်။

 

ဧရာမြေ