Main menu

Background

ဧရာဝတီတိုင်းဒေသကြီး၌ စပါးဈေးနှုန်းများ ကျဆင်း

Tue, 10/01/2019 - 14:26 -- journal_editor

     ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်၌ စက်တင်ဘာလအတွင်း ဈေးနှုန်းကျဆင်းကာ  အရောင်းအဝယ် အေးလျက်ရှိပြီး ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ပေါ်ဆန်းစပါးဈေးနှင့် ဧည့်မထ မိုးစပါး ဈေးများ ကျဆင်းလျက်ရှိသည်။ ပုသိမ်ခရိုင်တွင် ပေါ်ဆန်းစပါး ၄၆ပေါင်တင်း ၁၀၀ ကို ကျပ်ကိုးသိန်းခွဲ၊ ၁၀ သိန်းဝန်းကျင်မှ ယခုကျပ် ရှစ်သိန်းခွဲ၊ကျပ်ကိုးသိန်း  မိုးဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၅၅၀၀၀၀၊  ကျပ် ၅၉၀၀၀၀ မှ ယခု ကျပ် ၅၃၀၀၀၀၊ ကျပ် ၅၄၀၀၀၀ ခန့်ဈေး၊ မြောင်းမြခရိုင် ပေါ်ဆန်းစပါး ၄၆ ပေါင်တင်း ၁၀၀ ကို  ကျပ်  ၈၈၀၀၀၀-၉၃၅၀၀၀ မှ ယခု ကျပ် ၈၃၀၀၀၀- ၈၅၀၀၀၀ နှင့် မအူပင်ခရိုင်တွင် ပေါ်ဆန်း စပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၉၃၅၀၀၀ မှ ယခု ကျပ် ၈၃၀၀၀၀ နှင့် ဖျာပုံခရိုင်တွင်ပေါ်ဆန်းစပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၉၀၀၀၀၀၊ ၉၂၀၀၀၀၀ မှ ယခု ကျပ် ၇၁၀၀၀၀၊ ၇၅၀၀၀၀ ဝန်းကျင်ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဆန်စပါးသတင်းများအရ သိရသည်။
    ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် စပါးလက်ကျန်များရှိနေပြီး ရန်ကုန်ဈေးကွက်နှင့် အထက်အညာဒေသမှ ဝယ်လိုအားလျော့နည်းလျက်ရှိချိန် အရောင်းအဝယ်အေးသည့်အတွက် စပါး၊ ဆန်ဈေးနှု န်းများ ကျဆင်းလျက်ရှိကြောင်းသိရသည်။

 

မင်းမင်းဦး(ပုသိမ်)