Main menu

Background

စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေရှိသည့် ဘူးပင်စိုက်ကြပါစို့

Wed, 10/09/2019 - 14:08 -- journal_editor

         ဘူးသီးနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့၏ ဟင်းလျာအဖြစ် လည်း ကောင်း၊ သရေစာအဖြစ်လည်းကောင်း အမျိုးမျိုးစီမံ၍ စားသုံးလျက် ရှိပါသည်။ ဘူးသီးနှင့် ကြက်သားကာလသားချက်၊ ဘူးသီးနှင့် မြေပဲထောင်း တို့ကို ဆီပြန်ချက်၊ ဟင်ခါးဟင်းရည်အနေဖြင့်လည်းကောင်း၊ အချဉ် သိပ်၍လည်းကောင်း ချက်ပြုတ်စားသုံးကြသလို ဘူးသီးကို ဘူးသီး ငါးပေါင်းကြော်၊ ဖြူးကြော်၍လည်းကောင်း စားသုံးကြပါသည်။ ဘူးသီးကို အရောင်ပေါ်လိုက်ပြီး အစိမ်းမျိုး၊ အဖြူမျိုး၊ အစိမ်းနှင့် အဖြူ ကွက်ကျားမျိုးဟု ခွဲခြားကြပါသည်။ အသီး၏ပုံသဏ္ဌာန်အရ ဘူး သပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်၊ ဘူးရေမှက်နှင့် ဘူးခါးဟူ၍ လည်း မှတ်သားရပါသည်။ တော်သလင်းဘူးကျင်းဆိုရိုးစကားအရ တော်သလင်းတွင် ဘူး စိုက်ပျိုး၍လည်း  ကောင်းသောရာသီဟူ၍ မှတ်သားရပါသည်။ တော် သလင်းတွင် မိုးကုန်ခါနီး၍ ဘူးပင်စိုက်ပျိုးနိုင်လျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် ဘူးသီးပြီး ဈေးကောင်းရနိုင်သည်။ မိုးရာသီ တွင်လည်း ဘူးပင်စိုက်ပျိုးနိုင်ပါသည်။ ရေမဝပ်သောကုန်းမြင့်ပိုင်း သို့မဟုတ် အနံ ငါးပေ၊ အလျား ရှစ်ပေ၊ အနက်တစ်ပေခွဲခန့် သစ်သား ဘောင်တွင် မြေဆွေးနှင့်သဲတို့ကို ဆတူရောစပ်ပြီး စိုက်ပျိုးနိုင်ပါသည်။ ဘူးသီးမှာ ဈေးကောင်းရသော အသီးတစ်မျိုးဖြစ်သည်။ ကလေး ဒေသတွင် ဘူးသီးတစ်လုံးလျှင် အသေး ကျပ် ၁၂၀ဝ၊ အလတ် ကျပ် ၁၅၀ဝ၊ အကြီးကျပ်  ၂၀ဝဝ အထိ ပေါက်ဈေး ရှိသည်။ အကြော်သည် များအနေဖြင့် ဘူးသီးကြီးလေ ကြိုက်လေဖြစ်သဖြင့်  ကျပ် ၁၅၀ဝ၊ ကျပ် ၁၈၀ဝ၊ ကျပ် ၂၀ဝဝ  စသည်ဖြင့် ဈေးကွက်ရှိသည်။ မိမိတို့ပိုင် အိမ်ခြံဝင်းမြေအတွင်းမှာဘူး တစ်စင်ချဉ်ပေါင် တစ်ခင်းရှိထားလျှင် မိသားစု၏ မီးဖိုချောင် စရိတ်ရရှိကြောင်း တင်ပြလိုပါသည်။ မိမိတို့၏ အိမ်ခြံမြေအတွင်း မြေကွက်လပ်အနည်းငယ်ရှိရုံဖြင့် မိသားစုတိုင်း ဘူး တစ်စင်နှင့် ချဉ်ပေါင်တစ်ခင်းကို စိုက်နိုင်ကြမည်ဟု ထင်ပါသည်။ မိမိအိမ်ခြံဝင်းမြေအတွင်း စိုက်ပျိုးခြင်း၊ ခြံထွက်ဆိုတော့ စိတ်ချရခြင်း၊ ဥပမာဓာတုကင်းလွတ်၊ သဘာဝမြေသြဇာကိုသာ သုံးစွဲခြင်း၊ ဓာတ် မြေသြဇာများအသုံးပြုသော်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြစ် ၍ လွန်ကြူးစွာမသုံးစွဲခြင်း၊ ဈေးကွက်အတွင်းမှ ဝယ်ယူစားသုံးမည် ဆိုလျှင် ဓာတုဓာတြွ်ကင်းများ မည်မျှပါမည်ကို မသိရှိနိုင်ခြင်းစသော အချက်များကြောင့် ကိုယ်တိုင်စိုက်ပျိုးကိုယ်တိုင်ထုတ်လုပ် ကိုယ်တိုင် သုံးစွဲခွင့်ရသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်ခြင်း စသော ကောင်း ကျိုးများရနိုင်သည်။ မိမိအိမ်ခြံမြေအတွင်းမှလည်း ဝင်ငွေကောင်း တစ်ခုရနိုင်သည်ဖြစ်၍ မိသားစုများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြရန် တိုက်တွန်းတင်ပြရခြင်းဖြစ်သည်။

      အမှန်တကယ်တော့ ဘူးပင်စိုက်ပျိုးခြင်းမှာ လွယ်ကူပါ သည်။ စိုက်ပျိုးရေးနည်းပညာ နည်းသူများပင် စိုက်ပျိုးရပြီး ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်သောအပင်ဖြစ်ကြောင်းကို သိရှိ စေလိုပါသည်။ စိုက်ပျိုး မည့်နည်းစနစ်မှာ ဘူးစေ့ကို ရေတွင် တစ်ရက်နှင့်တစ်ည စိမ်ရမည်၊ မြေဆွေးသစ်ရွက်ဆေးတို့ဖြင့် စိုက်ပျိုးမည့်နေရာ ကျင်းပြုလုပ်ထားပြီး ဘူးစေ့ကိုချ၍ အပေါ်ယံတွင် မြေဆွေးပါးပါး အုပ်ပေးရမည်၊ ရေဝ အောင်လောင်းပေးရန် လိုမည်။ ဘူးစေ့မှာ အစို့အညှောက် ထွက်လာ ပြီး အစေ့အရွကြွေ်ကပြီး အညွန့်တွေ ထွက်ပေလာမည်။ ဘူးညွန့်များ ထွက်ပြီး စင်ပေါ်တက်နိုင်အောင် ဝါးဖြင့် ကွက်ကျားရက်ပြီး ဘူးပင် အနီးကပ်ထားပေးဖို့တော့ လိုမည်။ ဘူးကောင်းတော့ စင်ခံဟု ဆိုရိုး စကားအရ ဘူးပင်ကို အသီးများများတင်အောင် စင်တစ်ခုတော့ ဆောင် ရွက်ပေးရမည်။ ဘူးပင်အသီးများများ၊ ကောင်းကောင်းတင်ဖို့ဆိုလျှင် စင်ခံပေးဖို့လိုကြောင်း တင်ပြလိုပါသည်။  ဘူးပင်အပင် ဖြစ်ထွန်းလာ ချိန် စင်ပေါ်သို့ တက်နိုင်သောအချိန် စင်ပေါ်သို့ရောက်ပြီး တစ်ပေ၊ နှစ်ပေခန့်ရောက်လျှင် ခေါင်ညွန့်ကို နှိမ့်ပေးရမည်။ ဘူးပင်၏အောက် ခြေအမြစ်နေရာမှာ ကောက်ရိုးဆွေးများ အုပ်ပေးရမည်။ ဘူးပင်တစ်ပင် လျှင် နွားချေးခြောက်၊ နွားချေးလက်တစ်ဆုပ်သို့ တစ်ခဲလောက်ကို တော့ ဘူးပင်အမြစ်သွားရာ နှစ်လက်မ၊ သုံးလက်မခန့်အကွာမှာ ချပေးဖို့လိုပြီး ရေလောင်းဖျန်းပက်ပေးရန် လိုအပ်ပါသည်။ ဘူးပင်တို့၏သဘာဝမှာအမြစ်တို့သည် မြေရှပ်ပြီးသွား တတ် သောအပင်မျိုးဖြစ်ခြင်းကြောင့် မြေဆွပေးရမည်။ ဘူးမြစ်အသွား လွယ်ကူစေဖို့ သဲနုန်းမြေနှင့် သစ်ရွက်ဆွေးများ ရောစပ်ပြီး ထည့် သွင်းဆောင်ရွက်နိုင်လျှင် ပိုမိုကောင်းမွန်ကြောင်း လေ့လာသိရှိရ သည်။ ဘူးမြစ်များ ကျယ်ကျယ်ဝန်းဝန်းသွားနိုင်အောင် ရေကို ဖြည်း ဖြည်းချင်း ချဲ့၍လောင်းပေးရန် လိုအပ်သည်။ ဘူးပင်ရှင်သန်ပြီး အပင် ကြီးထွားစေရန် အသီးများများ တင်နိုင်အောင် ဓာတ်မြေသြဇာကို လည်း အသုံးပြုနိုင်သည်။ အရွက်နှင့်အပင်ကိုအားပေးသော သာကူ ခေါ် ဓာတ်မြေသြဇာကိုလည်း ကျွေးနိုင်သည်။ အသီးသီးချိန်ရောက်ခါ နီးလျှင် ဘူးပွင့်အဖိုပွင့်၊ များလာသောအချိန်မှာ စူပါဖော့စဖိတ်ခေါ် အသီးကို အားပေးသောဓာတ်မြေသြဇာကိုလည်း ကျွေးနိုင်သည်။ ဓာတ်မြေသြဇာကို ကျွေးသည့်အချိန်မှာလည်း သတိပြုရန် လိုအပ်ပါသည်။ တင်ပြလိုသည်မှာ ဘူးပင်ကိုကျွေးမည့် ဓာတ်မြေ သြဇာကို အရည်ဖျော်ထားဖို့လိုပြီး ဘူးပင်၏မြစ်နေရာတွင် တိုက်ရိုက် လောင်းခြင်းမပြုဘဲ ဘူးမြစ်များသွားလာနေသည့်နေရာနှင့် တစ်လက်မ၊ နှစ်လက်မခန့်အကွာတွင် လောင်းချပေးရန်လိုအပ်သည်။ ဓာတ်မြေ သြဇာကို အရည်မဖျော်ဘဲ အခြောက်အနည်းငယ်ကိုသာ ပက်ဖျန်း ပေးပြီး ရေလောင်းပေးလျှင် ဓာတ်မြေသြဇာကြောင့် ဘူးပင်ကို မထိ နိုင်ဘဲ ရှင်သန်နိုင်ကြောင်းလည်း သတိမူရမည်ဖြစ်သည်။

     ဘူးပင်မှာ ထူးခြားချက်များစွာရှိပါသည်။ ဘူးပင်ကို ရေဝဝ လောင်းနိုင်မှသာ ပင်လုံးကြီးပြီး အရွက်ဖားကာ အသီး များများ တင် နိုင်သော်လည်း ဘူးပင်၏အမြစ်နေရာတွင် ရေများများဝပ်လျှင်လည်း ဘူးပင်သေသွားနိုင်ပါသည်။ ထူးခြားမှု တစ်ခုကိုတင်ပြရလျှင် ဘူးညွန့် များများဖြတ်နိုင်မှ အသီးများများ တင်နိုင်မည်ဖြစ်ပါသည်။ တင်ပြ လိုသည်မှာ ဘူးစင်ပေါ်ရောက်ပြီး နှစ်ပေ၊ သုံးပေခန့်ရောက်လျှင် မူရင်း ခေါင်ညွန့်ကို ဖြတ်ပေးရန်လိုပါသည်။ ဘူးညွန့်၏ခေါင်ညွန့်ကို ဖြတ်လိုက်ခြင်းကြောင့် ကြားမှ အတက်များထွက်ပေါ်လာပြီး အဆိုပါ အတက်များမှ အသီးကင်းများလည်း လိုက်ပါလာမည်ဖြစ်ပါသည်။ ခေါင်ညွန့်ကိုဖြတ်လိုက်ခြင်းအားဖြင့် ကြားဖူးထွက်လာသော အညွန့် များနှင့်အတူ သီးကင်းများများပါလာနိုင်မည်ဖြစ်သည်။ ကြားတက် တစ်ခုလျှင် အနည်းဆုံးအသီး နှစ်လုံး သုံးလုံးစသဖြင့် ပါလာနိုင်ပြီး တစ်ခါတစ်ရံအညှာတစ်ခုတည်းဖြင့် အသီးနှစ်လုံးခန့်ပါ နိုင်ပါသည်။ မိမိစိုက်ပျိုးသောဘူးတစ်လုံးမှ အကောင်းဆုံးအကြီးဆုံး ဘူး သီးတစ်လုံး သို့မဟုတ် နှစ်လုံးခန့်ကိုဖြင့် နောင်နှစ်စိုက်ပျိုး ရန် မျိုးခံ ထားဖို့လိုပါသည်။ မျိုးခံထားသော ဘူးသီးတစ်လုံးလျှင် မျိုးစေ့ အနည်းဆုံး  ၁၀ဝ  မှ ၂၀ဝ ဝန်းကျင်ခန့် မျိုးစေ့များရနိုင်ပါသည်။ မျိုး ကောင်းမျိုးသန့်ရရှိဖို့နှင့် မိမိဒေသထွက် မျိုးများကိုလည်း စိုက်ပျိုးသူ များပြားနေသဖြင့် မျိုးစေ့များ စနစ်တကျဖြင့် ထိန်းသိမ်းကြဖို့လိုပါ သည်။ ယနေ့ခေတ်တွင် ဘူးစေ့တွင်မက အခြားသော မျိုးစေ့များ ဈေးကြီးကြီးပေး ဝယ်ယူစိုက်ပျိုးနေရသည်။ စိုက်ပျိုးသူများအနေဖြင့် ဒေသထွက်မျိုးများ စနစ်တကျ ထိန်းသိမ်းကြဖို့လိုနေပါပြီ စိုက်ပျိုး ပညာရှင်များထံမှ မျိုးစနစ် ထိန်းသိမ်းရေးပညာကိုလည်း လေ့လာ မှတ်သား၍ ဆောင်ရွက်ကြဖို့တော့ လိုပါသည်။ သို့ဖြစ်ပါ၍ တောင်သူများတွင်မက မြန်မာစိုက်ပျိုးရေး ဝါသနာ ရှင်များ လေ့လာ၍ အသိပညာရဖို့ ပညာရှင်များနှင့် ဆွေးနွေးပါ။ စိုက် ပျိုးရေးပညာများဆည်းပူး၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါ။ ဘူးပင် စိုက်ပျိုးခြင်းဖြင့်လည်း စီးပွားဖြစ်စိုက်နိုင်သကဲ့သို့ မိမိတို့အိမ်ခြံ ဝင်းမြေအတွင်း ဘူးတစ်စင်စီ စိုက်ပျိုးနိုင်ခြင်းကြောင့် မိမိတို့မိသားစု မီးဖိုချောင်ကိုလည်း လုံခြုံစွာ ထိန်းသိမ်းနိုင်ခြင်းကြောင့် မိသားစုတိုင်း ဘူးပင်စိုက်ပျိုးကြပါလို့ တိုက်တွန်းတင်ပြလိုက်ရပါသည်။

 

စိုးအောင် (ကလေးမြို့)