Main menu

Background

မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီများအနေဖြင့် LC စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

Tue, 10/22/2019 - 15:50 -- journal_editor

          မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ် ထားသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြံပြုချက်အတိုင်း LC စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင် ၍ ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မော်တော် ယာဉ်အရောင်းပြခန်းဖွင့်လှစ်ထားသည့် ကုမ္ပဏီ များမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အကြံပြုချက် အတိုင်း LC စနစ်ဖြင့် ဆောင်ရွက်ရာတွင် တွေ့ကြုံ ရမည့် အခြေအနေများ၊ အလားအလာများကို တင်ပြ ဆွေးနွေးခဲ့သည်။

        ထို့နောက် ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက “ကျွန်တော် တို့က Trade က ဖြစ်ပေမယ့်လည်း LC က ဗဟို ဘဏ်ရဲ့ လိုလားချက်ဖြစ်တဲ့အခါမှာ တစ်ယောက် နဲ့တစ်ယောက်  အပြန်အလှန်  Support လုပ်တဲ့ သဘောပါ။ ကျွန်တော်တို့က Trade လုပ်တာ မဟုတ်ပေမယ့် လုပ်ငန်းရှင်လုပ်တဲ့ Trade ကို ကူညီ ပေးတာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေရဲ့ သဘောထားတွေကိုကြားချင်တဲ့အတွက် ဒီနေ့ တွေ့ဆုံရခြင်းဖြစ်ပါတယ်။ LC  နဲ့ ပတ်သက်ပြီး အဓိကကတော့ Capital မှာ အခက်အခဲဖြစ်သွား တာမျိုး၊ အချိန်ကြာတာမျိုး၊ အချက်အလက်တချို့ မှားသွားရင်လည်း အခက်အခဲရှိတာမျိုးကို တွေ့ရ ပါတယ်။ ဒီကိစ္စကနိုင်ငံရဲ့ Libiralize လုပ်လာတဲ့ အပိုင်းမှာ ကုန်သည်က LC  လုပ်ရမယ်ဆိုရင် ဘယ် လို အခက်အခဲလေးတွေရှိတယ်၊ မပြည့်စုံတဲ့ ကိစ္စမျိုး ရှိတယ်ဆိုတာမျိုးကို ကျွန်တော်တို့ ပြန်လည်စုစည်း ပြီး တင်ပြပေးသွားပါမယ်”ဟု ပြောသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က ကုမ္ပဏီများကို အကြံပြုချက်များပေးခဲ့ပြီး အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 

သန်းထိုက်အောင်