Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်လုပ်ငန်းများနှင့် ရေထွက်ပစ္စည်းများမှ စက်တင်ဘာလ ပြည်ပတင်ပို့နိုင်မှုအခြေအနေ

Wed, 10/23/2019 - 15:02 -- journal_editor

        ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်လုပ် ငန်းများဖြစ်သော  Hakers Enterprise (Myanmar)  Co.,Ltd (ပုသိမ်)မှ Pants &  Jackets အမျိုးအစားအရေအတွက် ၁၅၄၄၄၄၄ ၊ အမေရိကန်ဒေါ်လာ ၄၁၈၃၂၁၃ ဒသမ ၃၀၊  Huabo Times Textile and Clothing Co.Ltd (ပုသိမ်) မှ  shirts အမျိုးအစား အရေအတွက်  ၁၉၅၄၂၇၂  အမေရိကန် ဒေါ်လာ ၃၉၆၈၅၉၀ အား ဥရောပသို့တင်ပို့ခဲ့ပြီး North Shore  Group Co.,Ltd (ပုသိမ်) မှ Pants & Jackets အမျိုးအစား အရေအတွက် ၄၄၅၈၉၃၊ အမေရိကန်ဒေါ်လာ ၇၇၇၄၁၃ ဒသမ ၆၀ ကို ဂျာမနီနိုင်ငံသို့ တင်ပို့၍  He Shan (Myanmar) Garments Co.Ltd (ပုသိမ်)မှ  Shirts, Pants အမျိုးအစား အရေအတွက် ၁၆၂၉၃၀၈၊ အမေရိကန်ဒေါ်လာ ၁၉၀၆၂၃၈ နှင့်   Dong Long (Pathein) Co.,Ltd (ပုသိမ်)မှ  Jackets, Trousers  အမျိုးအစားအရေအတွက်  ၂၁၂၀၄၀၅ အမေရိကန် ဒေါ်လာ ၉၈၇၈၈၁ ဒသမ ၈၂ကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။

        ရေထွက်ပစ္စည်းများကို Texchem Marine Labutta Ltd (လပွတ္တာ)ရှိအအေးခန်းလုပ်ငန်းမှ ကဏန်းပျော့တန် ၂၄၀ ကျပ်သန်း ၂၁၆၀ ကို အာဆီယံနိုင်ငံများသို့လည်းကောင်း ရွှေယမုံထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (လပွတ္တာ)အအေးခန်လုပ်ငန်း မှ ပုစွန် တန် ၁၅၀ ကျပ်သန်း ၁၅၀ဝကို ဂျပန်၊ ဥရောပ သမဂ္ဂ (EU) ၊ အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တင်ပို့ခဲ့ပြီး  BHI အအေးခန်းစက်ရုံ (ဒေးဒရဲ)မှ ငါးမုတ် ကျပ်သန်း ၁၇၃ ဒသမ ဝ၃၂ ကိုတရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချ ခဲ့ကာ ၂၀၁၉ စက်တင်ဘာလအတွင်း အထည်ချုပ် လုပ်ငန်းငါးခု၊ အအေးခန်း လုပ်ငန်းသုံးခုမှ စုစုပေါင်း အမေ ရိကန်ဒေါ်လာ  ၁၁၈၂၃၃၃၆ ဒသ မ၇၂ နှင့် ကျပ်သန်း ၃၈၃၃ ဒသမ ဝ၃၂ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

        မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှကုန် ကြမ်းတင်သွင်းကာ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ပြီး ပြည်ပ သို့ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ဖြင့်  ဆောင် ရွက်နေခြင်းဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ အနက် ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံး ဝင်ရောက်လျက် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းဝင် ၅၀ဝ ကျော်ရှိကာ ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ရောင်းချခြင်းဖြင့် ရေလုပ်ငန်းရှင်နှင့် ရေ လုပ်သားများ ဝင်ငွေရရှိသလို အထည်ချုပ်လုပ်ငန်းများမှလည်း အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံး ဖန်တီးပေးနိုင်ပြီး ပြည်ပဝင်ငွေ အများဆုံးရရှိလျက် ရှိကြောင်း သိရသည်။                                 

မင်းမင်းဦး (ပုသိမ်)