Main menu

Background

၂၀၂၀ ခုနှစ်အတွက် စားနပ်ရိက္ခာတင်သွင်းမှု (ဂျုံ၊ ပြောင်း၊ ဆန်) TARIFF QUOTA လျှောက်ထားခြင်းနှင့် QUOTA ခွဲဝေသတ်မှတ်ခြင်းဆိုင်ရာ သတ်မှတ်လုပ်ထုံးလုပ်နည်းများ တရုတ်ထုတ်ပြန်ကြေညာ

Thu, 10/24/2019 - 13:24 -- journal_editor

        လယ်ယာထွက်ကုန်  ပစ္စည်းများ အတွက် Measures  for Import Tariff Quota Management ဆိုင်ရာဥပဒေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့်  ပြုပြင်ပြောင်းလဲရေး ကော်မတီတို့၏  ၂၀ဝ၃  ခုနှစ် အမိန့် ကြေညာစာအမှတ် (၄) တို့အရ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် အမိန့်ကြေညာစာအမှတ်  (၉/၂၀၁၉) ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြုပြင် ပြောင်းလဲရေးကော်မတီမှ ၂၀၂၀ခုနှစ် အတွက်စားနပ်ရိက္ခာ တင်သွင်းမှု Tariff Quota သတ်မှတ်ချက်   ပမာဏနှင့် လျှောက်လွှာတင်သွင်းမှုဆိုင်ရာ  လုပ် ထုံးလုပ်နည်း  သတ်မှတ်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ လျှောက်ထားမည့် ကုမ္ပဏီလုပ် ငန်းစုအနေဖြင့်   နိုင်ငံပိုင်ကုန်သွယ်မှု Quota ပမာဏ  နိုင်ငံပိုင်မဟုတ်သည့် ကုန်သွယ်မှု Quota ပမာဏ နိုင်ငံပိုင်/ နိုင်ငံပိုင်မဟုတ်သည့်ကုန်သွယ်မှု Quota ပမာဏစသည့် သုံးမျိုးရွေးချယ်လျှောက် ထားနိုင်ကြောင်း၊   ၎င်းတို့အနက် ကုမ္ပဏီလုပ်ငန်းစုသို့   ခွဲဝေပေးသည့် နိုင်ငံပိုင်ကုန်သွယ်မှု    Quota ပမာဏ သည် နိုင်ငံပိုင်  ကုန်သွယ်မှုလုပ်ငန်း ကိုယ်စားလှယ်မှတစ်ဆင့် တင်သွင်းရန် ဖြစ်ပြီး၊ ၎င်းနှစ်၏   သြဂုတ် ၁၅ ရက်  မတိုင်ခင်ထိ   သွင်းကုန်တင်သွင်းခြင်း ဆိုင်ရာ အရောင်းအဝယ်စာချုပ် ချုပ်ဆို ခြင်းမရှိသေးသည့် လုပ်ငန်းစုအနေဖြင့် ကုန်သွယ်မှုပြုလုပ်ရန်   အခွင့်အရေးရှိ သည့် မည်သည့်ကုမ္ပဏီလုပ်ငန်းစုကို မဆို ကိုယ်စားလှယ်လွှဲအပ်၍တင်သွင်း နိုင်ကြောင်းသိရသည်။

      ၂၀၂၀ ခုနှစ်အတွက် ဂျုံ၊ ပြောင်း၊ ဆန် တင်သွင်းမှု Tariff Quota ပမာဏ ရရှိရန်အတွက်   လျှောက်ထားမည့် ကုမ္ပဏီ လုပ်ငန်းစုအနေဖြင့်   ၂၀၁၉ ခုနှစ်  အောက်တိုဘာ ၁ ရက်မတိုင်မီ ဈေးကွက်ကြီးကြပ်  စီမံခန့်ခွဲရေးဌာန၌ မှတ်ပုံတင်လျှောက် ထားရန်နှင့် လယ် ယာထွက်ကုန်ပစ္စည်းများအတွက် သတ် မှတ်ထားရှိသည့် Measures for Import Tariff Quota Management လုပ်ထုံး လုပ်နည်းများအား ချိုးဖောက်မှုမရှိခြင်း အစရှိသည့် အချက်များနှင့် ကိုက်ညီရ မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ခုနှစ်အတွက် ဂျုံတင်သွင်း မှု Tariff Quota ပမာဏ လျှောက်ထား မည့် ကုမ္ပဏီလုပ်ငန်းစုအနေဖြင့်၂၀၁၉ ခုနှစ်အတွက်    ဂျုံတင်သွင်းမှု Tariff Quota ပမာဏရရှိခဲ့သည့်အပြင် တင် သွင်းမှုဆိုင်ရာ  အထောက်အထားရှိ သည့် ကုမ္ပဏီလုပ်ငန်းစု   ဖြစ်ရန်နှင့် ၂၀၁၈ ခုနှစ်၊ နှစ်စဉ်ဂျုံ Processing ဆိုင် ရာ ထုတ်လုပ်နိုင်မှုစွမ်းအား တန်ချိန်နှစ် သိန်းနှင့်အထက်ရှိသည့် စားသောက် ကုန် ထုတ်လုပ်သည့်ကုမ္ပဏီလုပ်ငန်းစု ဖြစ်ရန်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၀ခုနှစ်အတွက် ပြောင်းတင် သွင်းမှု  Tariff Quota ပမာဏလျှောက် ထားမည့် ကုမ္ပဏီလုပ်ငန်းစုအနေဖြင့် ၂၀၁၉ ခုနှစ်အတွက် ပြောင်းတင်သွင်းမှု Tariff Quota  ပမာဏရရှိခဲ့သည့်အပြင် တင်သွင်းမှုဆိုင်ရာ  အထောက်အထား ရှိသည့်  လုပ်ငန်းစုဖြစ်ရန်  ၂၀၁၈ ခုနှစ်၊ နှစ်စဉ်ပြောင်း  Processing ဆိုင်ရာ ထုတ်လုပ်နိုင်မှုစွမ်းအား  တန်ချိန် နှစ် သိန်းနှင့်   အထက်ရှိသည့်  တိရစ္ဆာန် အစားအစာ ထုတ်လုပ်သည့်လုပ်ငန်းစု ဖြစ်ရန်နှင့် ၂၀၁၈ ခုနှစ်၊ နှစ်စဉ်ပြောင်း Processing ဆိုင်ရာ   ထုတ်လုပ်နိုင်မှု စွမ်းအားတန်ချိန်   ၄၅၀ဝ၀ဝ   နှင့် အထက်ရှိသည့်အခြားသော ကုန်ပစ္စည်း ထုတ်လုပ်သည့်  ကုမ္ပဏီလုပ်ငန်းစုဖြစ် ရန်ဖြစ်ကြောင်း သိရှိရပါသည်။

        ၂၀၂၀ ခုနှစ်အတွက်  ဆန်တင် သွင်းမှု Tariff Quota ပမာဏလျှောက် ထားမည့် ကုမ္ပဏီလုပ်ငန်းစုအနေဖြင့် ဆန်လုံးအရွယ် အစားခွဲ၍လျှောက်ထား ရန်လိုအပ်မည်ဖြစ်ပြီး    ၂၀၁၉ ခုနှစ် အတွက်ဆန်တင်သွင်းမှု TariffQuota ပမာဏရရှိခဲ့သည့်အပြင်   တင်သွင်းမှု ဆိုင်ရာ အထောက်အထားရှိသည့်လုပ် ငန်းစုဖြစ်ရန်နှင့် ၂၀၁၈ ခုနှစ် နှစ်စဉ် ဆန် Processing ဆိုင်ရာ ထုတ်လုပ်နိုင် မှုစွမ်းအား   တန်ချိန်     တစ်သိန်းနှင့် အထက်ရှိသည့် အစားအစာထုတ်လုပ် သည့်ကုမ္ပဏီလုပ်ငန်းစုဖြစ်ရန် လိုအပ် မည်ဖြစ်ကြောင်း သိရှိရသည်။ ကြေညာစာပါအတိုင်းခွဲဝေသတ် မှတ်ပေးမည့် စုစုပေါင်းသွင်းကုန် Tariff Quota ပမာဏသည် ကုမ္ပဏီလုပ်ငန်းစု များမှ  လျှောက်ထားလာသည့်   စုစု ပေါင်း  Quota ပမာဏနှင့် ကိုက်ညီပါက ကုမ္ပဏီလုပ်ငန်းစုများမှ  လျှောက်ထား လာသည့်  Quota ပမာဏအတိုင်း ခွဲဝေ ပေးမည်ဖြစ်ကြောင်း၊ သို့သော်   ခွဲဝေ သတ်မှတ်ပေးမည့် စုစုပေါင်းသွင်းကုန် Tariff Quota ပမာဏသည် ကုမ္ပဏီ လုပ်ငန်းစုများမှ  လျှောက်ထားလာသည့် စုစုပေါင်း Quota ပမာဏနှင့်မကိုက်ညီ ပါက  သွင်းကုန်တင်သွင်းခဲ့ဖူးခြင်း အထောက်အထားရှိသည့်  ကုမ္ပဏီလုပ် ငန်းစုမှ ပြီးခဲ့သည့်နှစ် Quota ပမာဏ တင်သွင်းမှုပမာဏထက် မလျော့နည်း ဘဲ Quota ရရှိနိုင်မည်  ဖြစ်ကြောင်း၊ Quota ပမာဏ ကျန်ရှိနေသေးပါက ထုတ်လုပ်မှုနှင့်   Processing ဆိုင်ရာ ထုတ်လုပ်နိုင်မှု   စွမ်းအားတို့အပေါ် အခြေခံ၍ ပြီးခဲ့သည့်နှစ်အတွင်း တင်  သွင်းခဲ့ဖူးခြင်းမရှိသည့် ကုမ္ပဏီလုပ်ငန်း စုအား ခွဲဝေပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ခုနှစ် နိုင်ငံပိုင်ကုန်သွယ်မှု Quota ပမာဏခွဲဝေပေးရာတွင်   ကုမ္ပဏီလုပ် ငန်းစု၏ ၂၀၁၉ ခုနှစ် သွင်းကုန် တင် သွင်းမှု အခြေအနေနှင့် ၂၀၁၈ ခုနှစ်၏ ထုတ်လုပ်မှုနှင့်    Processing ဆိုင်ရာ ထုတ်လုပ်နိုင်မှု    စွမ်းအားတို့အပေါ် မူတည်၍   ခွဲဝေသတ်မှတ်ပေးမည်ဖြစ် ကြောင်း၊ အချို့သော  နိုင်ငံပိုင် ကုန် သွယ်မှု Quota ပမာဏများအတွက် ကုမ္ပဏီလုပ်ငန်းစု၏   ထုတ်လုပ်မှုနှင့် Processing ဆိုင်ရာ  ထုတ်လုပ်နိုင်စွမ်း ရှိသည့်အပြင် ယခင် နိုင်ငံပိုင်နှင့် နိုင်ငံ ပိုင်မဟုတ်သည့် ကုန်သွယ်မှု Quota ပမာဏရရှိခဲ့ဖူးခြင်းမရှိသည့် ကုမ္ပဏီ လုပ်ငန်းစုအား ခွဲဝေပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

         ကုမ္ပဏီ လုပ်ငန်းစုများအနေဖြင့် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်နောက် ပိုင်းအထိ    ရရှိထားသည့် သွင်းကုန် Tariff Quota ပမာဏအတိုင်း အပြည့် အဝ တင်သွင်းနိုင်ခြင်းမရှိပါက  လယ် ယာထွက်ကုန်ပစ္စည်းများ၏ Measures for Import Tariff Quota Management ဆိုင်ရာဥပဒေနှင့်   သတ်မှတ်လုပ်ထုံး လုပ်နည်းများအတိုင်း ကျင့်သုံးဆောင် ရွက်သွားမည်ဖြစ်ပြီး၂၀၂၀  ပြည့်နှစ် စားနပ်ရိက္ခာတင်သွင်းမှု Tariff Quota ပမာဏအတွက်  လျှောက်လွှာတင်သွင်း ရမည့်ကာလ သတ်မှတ်ချက်မှာ ၂၀၁၉ ခုနှစ်  အောက်တိုဘာ ၁၅ ရက်မှ  ၃၀ ရက်အထိဖြစ်ကာ တရုတ်နိုင်ငံ အမျိုး သားဖွံ့ဖြိုးတိုးတက်ရေးနှင့်    ပြုပြင် ပြောင်းလဲရေးကော်မတီ (NDRC)၏ အာဏာအပ်နှင်းခြင်း   ခံရသည့် သက် ဆိုင်ရာအဖွဲ့အစည်းတွင် လျှောက်ထား ရန်ဖြစ်ကြောင်းနှင့် NDRC ၏ တရား ဝင် website ဖြစ်သည့် (http://www.ndrc.gov.cn) တွင်လည်းလျှောက်လွှာ ပုံစံရယူကာလျှောက်ထားနိုင်ကြောင်း၊  တရုတ်နိုင်ငံ NDRC ၏  အာဏာအပ် နှင်းခံရသည့်  အဖွဲ့အစည်းအနေဖြင့် လျှောက်လွှာများကို  တာဝန်ယူလက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကာ  ၂၀၁၉ ခုနှစ်  နိုဝင်ဘာ ၁၅ ရက်မတိုင်မီ အဆို ပါ လျှောက်လွှာများကို  တရုတ်နိုင်ငံ NDRC သို့ ပေးပို့ရန်ဖြစ်ပြီး စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သို့ မိတ္တူပေးပို့ရမည်ဖြစ်ကာ သတ်မှတ် ကာလကျော်လွန်ပါက   လျှောက်လွှာ များအား  လက်ခံဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။

 

ဒေါက်တာနုနုခိုင်