Main menu

Background

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံ ဆွေးနွေး

Thu, 01/02/2020 - 11:17 -- journal_editor

     မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပို့ကုန်သွင်း ကုန်ရုံး(ရန်ကုန်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို   ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင် မှုဥပဒေနှင့် နည်းဥပဒေများ အကြောင်း သိကောင်းစရာများကို   မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်   ဒုတိယဥက္ကဋ္ဌ  ဦးသန်းမောင်က  ရှင်းလင်းပြော ကြား ခဲ့သည်။

    ဒုတိယအကြိမ် အလွတ်သဘောတွေ့ဆုံရှင်းလင်းပွဲတွင် အသေးစားနှင့်အလတ်စား   လုပ်ငန်းများအတွက် အထူးပြဋ္ဌာန်းချက်များ၊ ဥပဒေနှင့်နည်းဥပဒေများအကြောင်းကို  ရှင်းလင်းခဲ့သကဲ့သို့   ယှဉ်ပြိုင်မှုနှင့် ပတ်သက် သည့် အခွင့်အရေးများ အကျိုးရလဒ်များ၊ ယှဉ်ပြိုင်မှုကော်မရှင်၏ လုပ်ဆောင်ချက်များကိုလည်း ပြောကြား ခဲ့သည်။ “ဒီနေ့က ယှဉ်ပြိုင်မှုနဲ့ပတ်သက် ပြီး ဥပဒေရေးရာတွေကို သိရှိအောင်၊ နားလည်အောင် လုပ်ပေးတာပါ။ အခု ပညာပေးကာလဖြစ်တဲ့အတွက် အရေး  ယူတာမျိုးတော့    မလုပ်သေးဘူး။ အကောင်းဆုံးဖြစ်အောင် အများ ပြည်သူသိအောင် လုပ်နေပါတယ်။  ဒီလို တွေ့ဆုံဆွေးနွေးပွဲ  လုပ်တယ်ဆိုတာ ကလည်း မီဒီယာတွေရဲ့ အကြံဉာဏ်တွေကို ရယူတဲ့သဘောပါပဲ” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန    ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက ပြောသည်။ 

    “ယှဉ်ပြိုင်မှုနဲ့ပတ်သက်ပြီး  ယှဉ် ပြိုင်မှုများလာရင် တီထွင်ဆန်းသစ်မှုတွေ  လုပ်လာမယ်၊ အဲကျရင် ရွေးချယ်မှု အခွင့်အလမ်းတွေလည်း ရလာနိုင်သလို အရည်အသွေးတွေ ကောင်းလာမယ်။ ဈေးနှုန်းတွေကျလာမယ်။ နောက်ဆုံးမှာ သုံးစွဲသူတွေက ပိုပြီးကောင်းလာဖို့ ဦးတည်လာမယ်။ အဲဒီလိုမဟုတ်ဘဲ  တစ်ဦးတစ်ယောက် တည်းအတွက် လုပ် မယ်ဆိုရင် အဖွဲ့ အစည်းတစ်ခုတည်း ကပဲ  ဈေးကစားနေမယ်ဆိုရင် ခံရမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယှဉ်ပြိုင်မှုကော်မရှင်တွင် အဖွဲ့ ဝင် ၁၁ ဦးရှိပြီး   ပြင်ပပုဂ္ဂိုလ် ငါးဦးနှင့် သက်ဆိုင်ရာ  ဌာနအတွင်းမှ တာဝန် ရှိသူ ခြောက်ဦးတို့နှင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ အဆိုပါပွဲသို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်    ဒုတိယဥက္ကဋ္ဌ  ဦးသန်းမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်     ဦးကိုကိုလေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်း၊      စီးပွားရေး ပညာရှင် ဦးသုတအောင်နှင့် အခြားသော  အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။ ထို့နောက်  တက်ရောက်လာ သည့် မီဒီယာများက ယှဉ်ပြိုင်မှုကော်မရှင်၏   လက်ရှိလုပ်ငန်းဆောင်ရွက်မှု များနှင့် အရေးယူဆောင်ရွက်ထားရှိမှု တို့အပေါ် မေးမြန်းခဲ့ရာ ဒုတိယညွှန် ကြားရေးမှူးချုပ်    ဦးကိုကိုလေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်တို့က ပြန် လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

ချောစု